
ဗီဒီယိုခေါ်ဆိုမှု (Telemedicine) မှတစ်ဆင့် ဆရာဝန်များနှင့် ဗီဒီယိုဖြင့် တိုင်ပင်ခြင်း၊

Video Consultation with Praram 9 V
Video Constulation with Doctor at Anytime, Anywhere via PRARAM 9 V
Praram 9 Hospital
ကျောရိုးဆိုင်ရာ အထူးကုဌာနသည် အစပိုင်းရောဂါလက္ခဏာများမှသည် "ကျောရိုးဆိုင်ရာ ပြန်လည်ခွဲစိတ်ကုသခြင်း" (ယခင်ကခွဲစိတ်ကုသမှုခံယူထားသူများအတွက် နောက်ထပ်ခွဲစိတ်ကုသခြင်း) ကဲ့သို့သော ရှုပ်ထွေးသည့်ခွဲစိတ်မှုများအထိ အထူးကုဆရာဝန်များပါဝင်သည့် အဖွဲ့ဖြင့် စုံလင်သော ကုသမှုများကို ပေးအပ်သော ဆေးကုသရေးစင်တာတစ်ခုဖြစ်ပါသည်။ ထိရောက်သော စောင့်ရှောက်မှုများအတွက် ကုသမှုမတိုင်မီနှင့် ပြီးဆုံးသည့်နောက်တွင် ကျောရိုးဆိုင်ရာ အထူးကုဆရာဝန်များ၊ ပြန်လည်သန်စွမ်းရေးဆရာဝန်များနှင့် ခေတ်မီနည်းပညာတို့ဖြင့် အဆင့်တိုင်းတွင် ညှိနှိုင်းစောင့်ရှောက်မှုကို အလေးထားဆောင်ရွက်ပြီး လျင်မြန်စွာ ပုံမှန်ဘဝသို့ ပြန်လည်ရောက်ရှိရန်ရည်ရွယ်ပါသည်။

ကျောရိုးဆိုင်ရာ အထူးကုဌာနသည် ကျွမ်းကျင်အထူးကုဆရာဝန်များစွာ၏ ဗဟိုချက်မတစ်ခုဖြစ်ပါသည်။ အဓိကအားသာချက်မှာ အာရုံကြောထိုးသွင်းကုထုံးများနှင့် အဏုမှန်ပြွန်ခွဲစိတ်ကုသခြင်းများကဲ့သို့သော ရိုးရှင်းသည့်လုပ်ငန်းစဉ်များမှသည် ကလေးများနှင့် လူကြီးများတွင် တည်ဆောက်ပိုင်းဆိုင်ရာ ပြုပြင်ခြင်းများနှင့် ယခင်ကခွဲစိတ်ကုသမှုခံယူထားသူများ (Fail back surgery) အတွက် ကျောရိုးဆိုင်ရာ ပြန်လည်ခွဲစိတ်ကုသခြင်းအထိ ခွဲစိတ်ကုသမှုနည်းလမ်းအားလုံးကို ဆောင်ရွက်ပေးနိုင်ခြင်းပဲ ဖြစ်ပါသည်။ အရေးအကြီးဆုံးအနေနဲ့ ဌာနရှိဆရာဝန်အားလုံးသည် အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်ကြခြင်းပင်ဖြစ်ပါသည်။ ဆရာဝန်တစ်ဦးစီသည် လျင်မြန်စွာ ကုသမှုဆုံးဖြတ်ချက်ချနိုင်ရန် ရောဂါလက္ခဏာများကို အကဲဖြတ်နိုင်စွမ်းရှိပြီး လူနာများအား ဖြစ်နိုင်သမျှမြန်မြန် ပုံမှန်ဘဝသို့ ပြန်လည်ရောက်ရှိစေရန် ဆောင်ရွက်ပေးပါသည်။
ပါရာမမ် ၉ ဆေးရုံကြီးရှိ အဆင့်မြင့် ကျောရိုးဆိုင်ရာ စင်တာ၏ နောက်ထပ်ထူးခြားမှုတစ်ခုမှာ ဆရာဝန်များ၏ ကျွမ်းကျင်မှုကြောင့် ကျောရိုးဆိုင်ရာ ပြန်လည်ခွဲစိတ်ကုသခြင်း ဖြစ်ပါသည်။ ကျွမ်းကျင်ဆရာ၀န်များဖြစ်တဲ့အတွက် အကြောင်းရင်းများကို စုံလင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိပါသည်။ ကျောရိုးဆိုင်ရာ ပြန်လည်ခွဲစိတ်ကုသခြင်းအတွက် ပြင်ဆင်မှုသည် ယေဘုယျကျောရိုးလူနာများနှင့် အတူတူပင်ဖြစ်ပါသည်။ ထိုသို့ပြင်ဆင်မှုများတွင် အကောင်းဆုံးသောကုသမှုနည်းလမ်းကို ရှာဖွေရန် ဆေးဘက်ဆိုင်ရာအဖွဲ့နှင့် တိုင်ပင်ဆွေးနွေးခြင်း၊ ခွဲစိတ်မှုကိုထိခိုက်စေနိုင်သည့် ဆေးဝါးအချို့ကိုရပ်ဆိုင်းခြင်းနှင့် ခွဲစိတ်မှုအတွက် လုံလောက်စွာခိုင်မာစေရန် ကြွက်သားများကိုသန်မာစေသည့် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းတို့ ပါဝင်ပါသည်။
ကျောရိုးအထူးကုဌာန၊ ၃ လွှာ၊ အဆောက်အဦ A၊ ပါရာမ် ၉ ဆေးရုံကြီး
ဌာနရှိ ဆရာဝန်များအားလုံး
အားလုံးကြည့်ရန်
Report to JCI on issues related to patient safety.
If you would like to share your comments or suggestions, please email us at [email protected].
Copyright © 2024 All Rights Reserved | Praram 9 Hospital