
ဗီဒီယိုခေါ်ဆိုမှု (Telemedicine) မှတစ်ဆင့် ဆရာဝန်များနှင့် ဗီဒီယိုဖြင့် တိုင်ပင်ခြင်း၊

Video Consultation with Praram 9 V
Video Constulation with Doctor at Anytime, Anywhere via PRARAM 9 V
Praram 9 Hospital
ယနေ့ခေတ်တွင် အမျိုးသမီး အများစုသည် သူတို့ရဲ့ ကျန်းမာရေးကို ရင်သားကိုယ်တိုင်စမ်းသပ်စစ်ဆေးခြင်း (သို့) နှစ်စဉ်အယ်ထွာဆောင်းရိုက်ခြင်းများဖြင့် ဂရုစိုက်လာကြပါတယ်။ ဒီနည်းလမ်းတွေက ရင်သားအလုံး သို့မဟုတ် ကင်ဆာမဟုတ်သောအလုံးများ ကို စောစီးစွာ ရှာဖွေတွေ့ရှိရန် ကူညီပေးနိုင်ပြီး ကင်ဆာကို အစောပိုင်းအဆင့်တွင် ရောဂါရှာဖွေသိရှိနိုင်ရန် အထောက်အကူပြုပါတယ်။
ကမ္ဘာတစ်ဝှမ်းတွင် ရင်သားကင်ဆာက အမျိုးသမီးများတွင် အဖြစ်အများဆုံး ကင်ဆာအမျိုးအစားဖြစ်ပြီး အသက်အလတ်ပိုင်းနှင့် အသက်ကြီးအမျိုးသမီးများတွင် အဖြစ်များဆုံးဖြစ်ပါတယ်။ ထိုင်းအမျိုးသမီးများတွင် သေဆုံးမှုနှုန်း မြင့်မားစွာရှိသောကြောင့် စောစီးစွာ ရောဂါရှာဖွေသိရှိမှု သည် ကင်ဆာကုသရေးတွင် အောင်မြင်မှု၏ သော့ချက်ဖြစ်ပါတယ်။ ဒီအကြောင်းရင်းကြောင့် ပါရာမ် ၉ ဆေးရုံကြီးသည် ရင်သားကင်ဆာ စစ်ဆေးရေး၊ ရောဂါရှာဖွေရေးနှင့် ကုသရေး အတွက် တစ်နေရာထဲအပြီးဝန်ဆောင်မှု ကို ပေးစွမ်းနိုင်ရန် ခေတ်မီဆေးဘက်ဆိုင်ရာနည်းပညာများဖြင့် အသင့်ပြင်ဆင်ထားသော ဆေးဘက်ဆိုင်ရာပညာရပ်စုံ အထူးကုဆရာဝန်များအဖွဲ့ ကို ဖွဲ့စည်းထားပါတယ်။ ပါရာမ် ၉ မှ ဆရာဝန်များသည် လူနာတစ်ဦးချင်းစီအတွက် သီးသန့်ညှိယူပေးသော စောင့်ရှောက်မှု၏ အရေးပုံကို နားလည်ပြီး အလှအပကို မထိခိုက်စေဘဲ သင့်လျော်သော ရောဂါကုသမှုဖြင့် လူနာများ၏ ဘဝအရည်အသွေးမြင့်မားစွာ ရှင်သန်နိုင်ရေး ကို ရည်မှန်းထားပါတယ်။
1. ၁။ ဒီဂျစ်တယ်မမ်မိုဂရဖီနှင့် ရင်သားအယ်ထွာဆောင်း
ဒီဂျစ်တယ်မမ်မိုဂရဖီသည် ဓာတ်မှန်နှင့်ဆင်သော်လည်း ရေဒီယိုသတ္တိကြွမှုပမာဏ သိသိသာသာလျှော့ချထားသော အဆင့်မြင့်ဓာတ်မှန်နည်းပညာတစ်ခုဖြစ်ပြီး ရင်သားတွင် ပုံမှန်မဟုတ်မှုများ၏ ကနဦးလက္ခဏာများကို ထိထိရောက်ရောက်ရှာဖွေရန် ကူညီပေးသော နည်းလမ်းဖြစ်ပါတယ်။
အယ်ထွာဆောင်း သည် ရင်သားတစ်ရှူးများ၏ပုံရိပ်ကို ဖန်တီးရန် အသံလှိုင်းများကိုအသုံးပြုသည့် ပုံရိပ်ဖမ်းနည်းတစ်မျိုးဖြစ်ပါတယ်။ အရည်အိတ် (အရည်ပြည့်နေသောအလုံး) နှင့် အစိုင်အခဲအလုံး ကို ခွဲခြားသိရှိရန်အတွက် အထူးသင့်လျော်ပါတယ်။ ရင်သားအယ်ထွာဆောင်းကို မကြာခဏဆိုသလို မယ်မမ်မိုဂရဖီ အကူအညီအဖြစ် အသုံးပြုလေ့ရှိပါသည်။
သို့ရာတွင် ဓာတ်မှန်ရိုက်ခြင်းတစ်ခုတည်းသည် ရင်သားကင်ဆာရောဂါရှာဖွေရန် လုံလောက်မှုမရှိနိုင်ပါ။ရင်သား၏ သိပ်သည်းမှု၊ သေးငယ်သော တစ်ရှူးများ သို့မဟုတ် ရင်သားအခန်းငယ်များ၊ နို့သီးခေါင်းနှင့် ပတ်ဝန်းကျင်ရှိ ရောဂါလက္ခဏာများ၊ နို့သီးခေါင်းမှ သွေး သို့မဟုတ် အရည်များ ယိုစိမ့်ခြင်း စတဲ့ အကြောင်းရင်းများကြောင့် တိကျမှုလျော့နည်းစေနိုင်ခြင်းကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် အထူးကုဆရာဝန်များက ရောဂါရာဇဝင်မေးမြန်းခြင်းနှင့် ကိုယ်ခန္ဓာစမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ခြင်းသည်လည်း ရောဂါရှာဖွေရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေဆဲဖြစ်ပါတယ်။
2. ၂။ ခွဲစိတ်မှုမတိုင်မီ ရင်သား ပင်မအပ်ချွန်ဖြင့် တစ်ရှူးနမူနာယူခြင်း (Core Needle Biopsy)
မူမမှန်သောအလုံးတစ်ခုခုကို တွေ့ရှိပါက ခွဲစိတ်မှုမတိုင်မီ အပ်ချွန်ဖြင့် တစ်ရှူးနမူနာယူခြင်း (Core Needle Biopsy) ကို ပြုလုပ်နိုင်ပါတယ်။ ဤလုပ်ငန်းစဉ်သည် ပြင်ပလူနာအဖြစ် ပြုလုပ်နိုင်ပြီး ဆေးရုံတွင်ညအိပ်ရန် မလိုအပ်ပါ။ တစ်ရှုးနမူနာယူခြင်းကြောင့် အနည်းငယ် နာကျင်မှုနည်းကာ တိကျသောရောဂါရှာဖွေမှုကို ပေးစွမ်းနိုင်ပါသည်။
လက်ရှိခေတ်သစ် ရင်သားရောဂါရှာဖွေရေးနည်းပညာများ၏ တိုးတက်မှုနှင့် ရင်သားကိုယ်တိုင်စစ်ဆေးခြင်း ပညာပေးမှုများသည် ရင်သားကင်ဆာကို အစောပိုင်းအဆင့်တွင် ရှာဖွေသိရှိနိုင်စေရန် အထောက်အကူပြုပြီး အသက်ရှင်သန်နိုင်ခြေ အခွင့်အလမ်းကို သိသိသာသာ မြင့်တက်စေပါတယ်။ ဒ့ါကြောင့် ခွဲစိတ်ကုသမှုသည် အသက်ရှင်ရုံ သာမက ဘဝအရည်အသွေး ကိုပါ ထည့်သွင်းစဉ်းစားလာကြပြီး အလှအပနှင့် ပုံသဏ္ဍာန်ပြန်လည်ထူထောင်ရေး ကို အလေးပေးလာကြပါတယ်။ ခွဲစိတ်ကုသပြီးနောက် ရင်သားပြန်လည်ပြုပြင်ခြင်းနည်းလမ်းများ လည်း ရှိပါတယ်။
အကျဉ်းချုပ်အားဖြင့် ဤခွဲစိတ်နည်းပညာများသည် လူနာ၏ ကိုယ်ပိုင်တစ်ရှူးများကို အသုံးပြု၍ ရင်သားပြန်လည်ပြုပြင်ခြင်း ဖြစ်ပြီး ကုန်ကျစရိတ် လျှော့ချပေးခြင်း၊ မိမိကိုယ်ကို ယုံကြည်မှု တိုးပွားစေခြင်း၊ အလှအပဆိုင်ရာ ရလဒ်များ မြှင့်တင်ပေးခြင်း စသည်ဖြင့် ပိုမိုကောင်းမွန်သော ဘဝအရည်အသွေး ကို ရရှိစေပါတယ်။
ဆေးဘက်ဆိုင်ရာပညာရပ်စုံ အထူးကုဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းအဖွဲ့များက ရင်သားကင်ဆာ စောစီးစွာ ရှာဖွေသိရှိရေးနှင်အ့ န္တရာယ် ဖြစ်နိုင်ခြေ ခွဲခြားသိရှိရေးတို့အတွက် အသိပညာနှင့် အကြံဉာဏ်များ ပံ့ပိုးပေးခြင်းရဲ့ အရေးပါမှုကို နားလည်သဘောပေါက်ပြီး စုံလင်ပြီး (Holistic) နှင့် လူနာကိုဗဟိုပြုသော (Personalized) စောင့်ရှောက်မှုချဉ်းကပ်နည်းရဲ့ အရေးပါမှုကိုလည်း အသိအမှတ်ပြုထားပါတယ်။
ဌာနရှိ ဆရာဝန်များအားလုံး
အားလုံးကြည့်ရန်
Report to JCI on issues related to patient safety.
If you would like to share your comments or suggestions, please email us at [email protected].
Copyright © 2024 All Rights Reserved | Praram 9 Hospital