
နေ့စဉ် မနက် ၀၇:၀၀ မှ ည ၈:၀၀ အထိ
ဗီဒီယိုခေါ်ဆိုမှု (Telemedicine) မှတစ်ဆင့် ဆရာဝန်များနှင့် ဗီဒီယိုဖြင့် တိုင်ပင်ခြင်း၊

Video Consultation with Praram 9 V
Video Constulation with Doctor at Anytime, Anywhere via PRARAM 9 V
Praram 9 Hospital
နေ့စဉ် မနက် ၀၇:၀၀ မှ ည ၈:၀၀ အထိ
နှလုံးသည် ခန္ဓာကိုယ်အနှံ့သို့ သွေးများကို ညှစ်ထုတ်ပေးရန် တာဝန်ရှိသည့် အရေးကြီးဆုံးသော ကိုယ်တွင်းအင်္ဂါများထဲမှ တစ်ခုဖြစ်သည်။ နှလုံး သို့မဟုတ် သွေးကြောများကို ထိခိုက်စေနိုင်သော မည်သည့်အခြေအနေကမဆို အခြားအင်္ဂါများ၏ လုပ်ငန်းဆောင်တာကို ထိခိုက်စေပြီး ရုတ်တရက်သေဆုံးခြင်းကို ဖြစ်စေနိုင်ပါသည်။ ထိုင်းနိုင်ငံတွင် နှလုံးနှင့်သွေးကြောရောဂါများကြောင့် သေဆုံးမှုနှုန်းသည် ဆက်လက်မြင့်တက်လျက်ရှိသည်။ သင့်တွင် ရောဂါဖြစ်ပွားနိုင်ခြေ ရှိပါက သို့မဟုတ် စိုးရိမ်စရာလက္ခဏာများ ခံစားနေရပါက နှလုံးအထူးကုဆရာဝန်နှင့် အမြန်ဆုံးပြသဆွေးနွေးရန် အရေးကြီးပါသည်။
အထက်ပါ လက္ခဏာများထဲမှ တစ်ခုခုကို ခံစားနေရပါက သင့်တွင် နှလုံးနှင့်သွေးကြောရောဂါဖြစ်နိုင်ခြေ ရှိသောကြောင့် ဆရာဝန်နှင့် ပြသဆွေးနွေးရန် အရေးကြီးပါသည်။
>> နှလုံးရောဂါနှင့်ပတ်သပြီး ဆက်လက်ဖတ်ရှု့ရန်
ပါရာမ် ၉ နှလုံးနှင့်သွေးကြောရောဂါဆိုင်ရာ ဌာနသည် ပါရာမ် ၉ ဆေးရုံ၏ အဓိကဌာနခွဲတစ်ခုဖြစ်ပါသည်။ နှစ်ပေါင်း ၃၂ ကြာမြင့်ခဲ့ပြီဖြစ်ကာ၊ ကနဦးတွင် နှလုံးအထူးကုဆရာဝန်အနည်းငယ်မှ စတင်တည်ထောင်ခဲ့ပြီး ဆယ်စုနှစ်များစွာ အတွေ့အကြုံများဖြင့် သိသိသာသာ ကြီးထွားတိုးတက်လာခဲ့ပါသည်။ ယနေ့ခေတ်တွင် နှလုံးအထူးကုဆရာဝန် ၃၁ ဦးပါဝင်သော နှလုံးနှင့်သွေးကြောရောဂါဆိုင်ရာ ဌာနအဖြစ် ပြောင်းလဲတိုးတက်လာခဲ့ပြီး အဆင့်မြင့်ဆေးပညာနည်းပညာများကို အသုံးပြု၍ ၂၄ နာရီ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
ကမ္ဘာတစ်ဝန်းအသိအမှတ်ပြု JCI စံချိန်စံညွှန်းထက်ပင် ကျွန်ုပ်တို့၏ ဌာနသည် လူနာများကို အဓိကထားသော စောင့်ရှောက်မှုကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ကြင်နာမှု၊ ဖေးမမှုနှင့် စေ့စေ့စပ်စပ် ဂရုစိုက်မှုများကို ပေးအပ်လျက်ရှိပါသည်။ ကျွန်ုပ်တို့၏ ကတိကဝတ်များကို အောက်ပါကတိသစ္စာဖြင့် အတိအလင်းဖော်ပြထားပါသည်-
"ကျွန်ုပ်တို့၏ နှလုံးသားဖြင့် သင့်နှလုံးကို စောင့်ရှောက်ပါသည်"
နှလုံးနှင့်သွေးကြောရောဂါလူနာများအတွက် ပိုမိုပြည့်စုံသော စောင့်ရှောက်မှုများ ပေးစွမ်းနိုင်ရန် နှလုံးရောဂါကုသရေးဌာန ကို ပါရာမ် ၉ နှလုံးနှင့်သွေးကြောရောဂါဆိုင်ရာဌာန အဖြစ် အဆင့်မြှင့်တင်ပြောင်းလဲခဲ့ပါသည်။ ဤဌာနသည်ရော ဂါရှာဖွေရေးမှသည် ပြန်လည်သန်စွမ်းရေး၊ ကာကွယ်ရေးအထိ ဘေးကင်းပြီး တိကျသော စောင့်ရှောက်မှုကို သေချာစေရန်အတွက် ခေတ်အမီဆုံးနည်းပညာများနှင့် နိုင်ငံတကာစံချိန်စံညွှန်းများကို အသုံးပြု၍ ရောဂါရှာဖွေရေးနှင့် ကုသမှုဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
ဆရာဝန်များ၊ သူနာပြုများနှင့် အကူဝန်ထမ်းများ အပါအဝင် ကျွန်ုပ်တို့၏ အရည်အချင်းပြည့်ဝသော အထူးကုများသည် ရှုပ်ထွေးသော နှလုံးနှင့်သွေးကြောရောဂါများကို စီမံခန့်ခွဲရန် ကောင်းစွာပြင်ဆင်ထားပြီး ရောဂါရှာဖွေရေးမှသည် ပြန်လည်သက်သာခြင်း၊ ကုသပြီးနောက် နေထိုင်မှုပုံစံညွှန်ကြားခြင်းအထိ ကုသမှုခရီးတစ်လျှောက်လုံး စဥ်ဆက် မပြတ်စောင့်ရှောက်မှုကို သေချာစေပါသည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ လူနာများ ကုသပြီးနောက် ပိုမိုကောင်းမွန်သော ဘဝအရည်အသွေးကို ရရှိစေရန်ဖြစ်ပါသည်။
ပါရာမ် ၉ နှလုံးနှင့်သွေးကြောရောဂါဆိုင်ရာဌာနသည် နှလုံးနှင့်သွေးကြောရောဂါများအား ရောဂါရှာဖွေရေးနှင့် ကုသရေးအတွက် အဆင့်မြင့်နည်းပညာများကို ပေးအပ်ရုံသာမက စောစီးကာကွယ်ရန်အတွက် ရောဂါဖြစ်ပွားနိုင်ခြေ အချက်များကိုပါ အကဲဖြတ်ပေးပါသည်။ ကျွန်ုပ်တို့၏ စုံလင်ပြည့်စုံသော ရောဂါရှာဖွေရေးကိရိယာများသည် ရောဂါလက္ခဏာများ မပေါ်ခင် အချိန်မှစတင်၍ နှလုံးနှင့်သွေးကြောရောဂါများ၏ ကနဦးလက္ခဏာများကို ဖော်ထုတ်နိုင်ပြီး သင့်တော်သောအချိန်တွင် ရောဂါရှာဖွေခြင်းနှင့် ကုသမှုအစီအစဉ်ရေးဆွဲခြင်းကို ကူညီပေးပါသည်။
1. ၁။ နှလုံးလျှပ်စစ်လှိုင်းရိုက်ခြင်း (EKG): နှလုံးရောဂါဖြစ်နိုင်ခြေကို စောစီးစွာသိရှိရန် နှလုံး၏လျှပ်စစ်လှိုင်းများကိုတိုင်းတာခြင်း။
အကျိုးကျေးဇူး: ၅-၁၀ မိနစ်ခန့်သာ ကြာမြင့်ပြီး နာကျင်မှုမရှိသော စစ်ဆေးမှုဖြစ်ကာ နှလုံးအလုပ်လုပ်ပုံ ပုံမှန်မဟုတ်ခြင်းများကို ဖော်ထုတ်နိုင်ခြင်း။
2. ၂။ နှလုံးအသံလှိုင်းရိုက်ခြင်း (Echocardiogram): နှလုံး၏တည်ဆောက်ပုံ၊ ညှစ်အားနှင့် အဆို့ရှင်လုပ်ငန်းစဉ်များကို အသံလှိုင်းများဖြင့် အကဲဖြတ်ခြင်း။
အကျိုးကျေးဇူး: ခွဲစိတ်စရာမလိုပဲ နှလုံး၏အသေးစိတ်ပုံရိပ်ကို မြင်နိုင်ခြင်း၊ ပြင်ဆင်မှုလွယ်ကူခြင်း။
3. ၃။ လေ့ကျင့်ခန်းပြုလုပ်စဉ် နှလုံးစမ်းသပ်ခြင်း (Exercise Stress Test): ပြေးစက်ပေါ်တွင် လေ့ကျင့်ခန်းပြုလုပ်စဉ် နှလုံးလုပ်ဆောင်ချက်နှင့် သွေးပေါင်ချိန်ကို စောင့်ကြည့်ကာ နှလုံးသွေးကြောကျဉ်းရောဂါ သို့မဟုတ် နှလုံးခုန်မမှန်ခြင်းကို စစ်ဆေးခြင်း။
အကျိုးကျေးဇူး: နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ခြေနှင့် ယေဘုယျကျန်းမာရေးအခြေအနေကို အကဲဖြတ်ရန် ရိုးရှင်းသောနည်းလမ်း။
4. ၄။ ခြေချင်းဝတ်နှင့် လက်မောင်းသွေးပေါင်ချိန် တိုင်းတာခြင်း (Ankle Brachial Index): ခြေထောက်နှင့် လက်မောင်းသွေးကြောများရှိ သွေးကြောပိတ်ဆို့မှုနှင့် သွေးကြောပြောင်းလွယ်မှုကို စစ်ဆေးခြင်း။
အကျိုးကျေးဇူး: ခြေထောက်သွေးကြောကျဉ်းရောဂါနှင့် အနာဂတ်နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေကို စစ်ဆေးရန် မြန်ဆန်ပြီး ခွဲစိတ်စရာမလိုသော စမ်းသပ်မှု။
5. ၅။ CT နှလုံးသွေးကြောဓာတ်မှန် (CT Coronary Angiography): နှလုံးသွေးကြောများရှိ ပိတ်ဆို့မှု သို့မဟုတ် ဖောင်းကြွမှုများကို အမြန်နှုန်းဖြင့် စစ်ဆေးသော CT ဓာတ်မှန်။
အကျိုးကျေးဇူး: သွေးကြောဆိုင်ရာပြဿနာများကို တိကျစွာရောဂါရှာဖွေရန် အသေးစိတ်ပုံရိပ်များ ပေးစွမ်းနိုင်ခြင်း။
6. ၆။ နှလုံးသွေးကြောကယ်လ်စီယမ်အမှတ် (Coronary Calcium Score): နှလုံးသွေးကြောကျဉ်းရောဂါကို ဖြစ်စေသော နှလုံးသွေးကြောများအတွင်း ကယ်လ်စီယမ်စုပုံမှုကို အကဲဖြတ်ခြင်း။
အကျိုးကျေးဇူး: ၁၀-၁၅ မိနစ်ခန့်သာ ကြာမြင့်ပြီး ရေဒီယိုသတ္တိကြွရောင်ခြည်ထိတွေ့မှု အနည်းဆုံးဖြင့် စစ်ဆေးနိုင်ခြင်း။
7. ၇။ နှလုံး သံလိုက်ဓာတ်မှန် (Cardiac MRI): ရေဒီယိုသတ္တိကြွရောင်ခြည်မသုံးဘဲ နှလုံး၏တည်ဆောက်ပုံနှင့် လုပ်ဆောင်ချက်ကို အသေးစိတ်အကဲဖြတ်ပေးသော သံလိုက်ဓာတ်မှန်။
အကျိုးကျေးဇူး: ရှုပ်ထွေးသောနှလုံးရောဂါများအတွက် အဆင့်မြင့်တိကျသည့် ရောဂါရှာဖွေရေးကိရိယာ။


ဤဌာနသည် နှလုံးရုတ်တရက်ဖောက်ပြန်ခြင်း သို့မဟုတ် နှလုံးခွဲစိတ်ကုသမှုများအပြီး လူနာများ ထိရောက်စွာ ပြန်လည်သက်သာလာစေရန်၊ နှလုံးလုပ်ဆောင်မှုကို ပြန်လည်ကောင်းမွန်စေရန်နှင့် စုံလင်သော ကျန်းမာရေးတိုးတက်မှုရရှိစေရန် နှလုံးပြန်လည်သန်စွမ်းရေး အစီအစဉ်များကို ဆောင်ရွက်ပေးပါသည်။ အနာဂတ်နှလုံးနှင့်သက်ဆိုင်သော ပြဿနာများ ကာကွယ်ရန်အတွက်နေ ထိုင်မှုပုံစံဆိုင်ရာ ပုံစံများနှင်ရော့ ဂါဖြစ်ပွားနိုင်ခြေ အချက်များ စီမံခန့်ခွဲခြင်းကို ဦးတည်ဆောင်ရွက်သော စုံလင်သည့် စောင့်ရှောက်မှုကို ပေးအပ်ပါသည်။
Our cardiology team works together to assess, plan, and deliver tailored treatment. Alongside treatment, we emphasize lifestyle modification and risk-factor control to slow disease progression and prevent recurrence.
ပါရာမ် ၉ နှလုံးနှင့်သွေးကြောရောဂါဆိုင်ရာ ဌာန၊ ပင်မအဆောက်အအုံ A၊ ၃ လွှာ၊ ပါရာမ် ၉ ဆေးရုံ
နေ့စဉ် မနက် ၀၇:၀၀ မှ ည ၀၈:၀၀ နာရီအထိ
ဖုန်း - ၁၂၇၀ / +၆၆၂ ၂၀၂ ၉၉၉၉
အီးမေးလ် - [email protected]
ဌာနရှိ ဆရာဝန်များအားလုံး
အားလုံးကြည့်ရန်
Report to JCI on issues related to patient safety.
If you would like to share your comments or suggestions, please email us at [email protected].
Copyright © 2024 All Rights Reserved | Praram 9 Hospital