
ဖွင့်ချိန်
ဗီဒီယိုခေါ်ဆိုမှု (Telemedicine) မှတစ်ဆင့် ဆရာဝန်များနှင့် ဗီဒီယိုဖြင့် တိုင်ပင်ခြင်း၊

Video Consultation with Praram 9 V
Video Constulation with Doctor at Anytime, Anywhere via PRARAM 9 V
Praram 9 Hospital
ဖွင့်ချိန်
ပါရာမ် ၉ ဆေးရုံ၏ တရုတ်ရိုးရာဆေးကုသမှုဌာနတွင် သဘာဝနည်းကျ ပြည့်စုံသော ကျန်းမာရေးပြန်လည်ထူထောင်ရေးဝန်ဆောင်မှုကို လက်ခံရရှိနိုင်ပါသည်။ ကိုယ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဟန်ချက်ညီမှုကို ပြန်လည်ရရှိစေရန် ရည်ရွယ်၍ ဆေးစား၍ကုသခြင်း၊ အပ်စိုက်ကုသခြင်း နှင့် အပူသုံး ကုသခြင်း အပါအဝင် တရုတ်ရိုးရာဆေးပညာ နည်းစနစ်မျိုးစုံဖြင့် သင့်တော်သော ကုသမှုများကို ပေးစွမ်းလျက်ရှိပါသည်။
တရုတ်ရိုးရာဆေးပညာ (TCM) သည် နှစ်ပေါင်း ထောင်ချီထဲက စတင်ပေါ်ပေါက်ခဲ့သော ဆေးပညာရပ်တစ်ခုဖြစ်ပါသည်။ တရုတ်ရိုးရာဆေးပညာ (TCM)ဖြင့် လူနာများကို ကုသရာတွင် လေ့လာခြင်းနှင့် စမ်းသပ်ခြင်းအပါအဝင် သိပ္ပံနည်းကျ နည်းလမ်းများကို အသုံးပြုပါသည်။ ဤနည်းလမ်းများကို တရုတ်ရိုးရာဆေးကျမ်းများတွင် မှတ်တမ်းတင်ခဲ့ပြီး မျိုးဆက်တစ်ဆက်မှ တစ်ဆက်သို့ ယနေ့တိုင် လက်ဆင့်ကမ်းခဲ့ကြပါသည်။ TCM သည် ကိုယ်တွင်းညီမျှမှုကို အလေးထားကာ ရောဂါကို စုံလင်စွာ ကုသခြင်း၊ ကာကွယ်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်းကို အာရုံစိုက်ပါသည်။ TCM ၏ နိယာမများအရ ရောဂါ၏ အခြေအနေများနှင့် လက္ခဏာရပ်များကို ဆန်းစစ်လေ့လာပြီး ရောဂါရှာဖွေမှုပြုလုပ်ကာ ကုသမှု၏ ရလဒ်သည်လည်း လူနာ၏ ခန္ဓာကိုယ်အခြေအနေနှင့် ရောဂါ၏ သဘာဝပေါ်တွင် မူတည်ပါသည်။
TCM သည် သဘာဝသိပ္ပံပညာ၊ မနုဿဗေဒနှင့် လူမှုဗေဒတို့ကို တန်ဖိုးထားသော ဆေးပညာဖြစ်ပါသည်။ ကုထုံးများသည် စုံလင်ပြည့်စုံသော ချဉ်းကပ်နည်းများဖြစ်ပြီး လူနာများကို သဘာဝတရားနှင့် လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းအဖြစ် ရှု့မြင်ပါသည်။ ပြင်ပအကြောင်းရင်းများကြောင့် ခန္ဓာကိုယ်ကို ထိခိုက်သည့်အခါ အတွင်းအင်္ဂါများကို သက်ရောက်မှုရှိစေပြီး ရုတ်တရက်ဖြစ်သော ရောဂါများနှင့် နာတာရှည်ရောဂါများကို ဖြစ်ပေါ်စေနိုင်ပါသည်။ TCM သည် ရောဂါ၏ အကြောင်းရင်းခံကို ကုသရုံသာမက ရောဂါလက္ခဏာများကိုလည်း သက်သာစေရန် ရည်ရွယ်ပါသည်။
TCM ၏ အခြေခံသီအိုရီမှာ Yin-Yang သီအိုရီဖြစ်ပါသည်။ ၎င်းသည် တရုတ်ရိုးရာ ဒဿနိကဗေဒတစ်ခုဖြစ်ပြီး အပြန်အလှန်ဆက်သွယ်နေပြီး အပြန်အလှန်မှီခိုနေရသော အရာနှစ်ခုကို ဖော်ပြပါသည်။ ထို့အပြင် သစ်သား၊ မီး၊ မြေကြီး၊ သတ္ထုနှင့် ရေ ပါဝင်သော ဒြပ်စင်ကြီး ငါးပါးသီအိုရီသည် အရာခပ်သိမ်း၏ မူလအစကို ရှင်းပြပါသည်။ ဤနိယာမများသည် TCM အဖြစ်သို့ ပြောင်းလဲတိုးတက်လာပြီး လူတစ်ဦးချင်းစီအတွက် သီးသန့်ကုသမှုပေးရန် အဓိကထားပါသည်။
TCM သည် အဓိက အယူအဆနှစ်ခုကို အလေးပေးဖော်ပြပါသည် -
ပါရာမ် ၉ တရုတ်ဆေးပညာဌာန၏ ရောဂါကို ခွဲခြမ်းစစ်ဆေးခြင်းတွင် လူနာခန္ဓာကိုယ်အခြေအနေကို နက်ရှိုင်းစွာနားလည်ရန် ကြည့်ရှုခြင်း၊ နားထောင်ခြင်း၊ အနံ့ခံခြင်း၊ မေးမြန်းခြင်းနှင့် လက်ကောက်ဝတ်တွင် သွေးခုန်နှုန်းစစ်ဆေးခြင်းတို့ ပါဝင်သည့်အတွက် စုံလင်ပြည့်စုံပါသည်။ ထိုအချက်အလက်များအပေါ် မူတည်၍ ရောဂါအခြေအနေအပေါ်မူတည်ကာ မှန်ကန်သော ခွဲခြားစစ်ဆေးမှုကို ပြုလုပ်ပါသည်။ လူနာတစ်ယောက်ထဲကပဲ နေထိုင်မှုပုံစံ၊ ပတ်ဝန်းကျင်နှင့် စိတ်ခံစားမှုပြောင်းလဲမှုများပေါ် မူတည်၍ လာရောက်ပြသသည့် အကြိမ်တိုင်းတွင် ကွဲပြားသော သွေးခုန်နှုန်းများ ရှိနေနိုင်ပြီး ၎င်းအချက်ကပဲ ခန္ဓာကိုယ်၏
ပါရာမ် ၉ TCM ဆေးခန်းရှိ ကုသမှုများသည် ခန္ဓာကိုယ် ဟန်ချက်ညီမှုကို ပြန်လည်ထူထောင်ရန်နှင့် ရောဂါပြန်ဖြစ်ခြင်းကို ကာကွယ်ခြင်းတို့ကို အလေးပေးဆောင်ရွ်ကပါသည်။ Yin-Yang၊ အအေး-အပူနှင့် အားနည်းခြင်း-အားပြည့်ခြင်း တို့ကို ဟန်ချက်ညီအောင် ထိန်းသိမ်းရန် အချိန်ယူရနိုင်သော်လည်း အောင်မြင်စွာ ဟန်ချက်ညီသွားပါက မိမိကိုယ်ကို ပိုမိုကောင်းမွန်စွာ ဂရုစိုက်နိုင်ပြီး ဘဝ၏ အရည်အသွေး မြင့်မားလာစေပါသည်။ ဆေးခန်းမှ အောက်ပါကုသမှုများကို ပေးအပ်လျက်ရှိပါသည်-
ဌာနရှိ ဆရာဝန်များအားလုံး
အားလုံးကြည့်ရန်
Report to JCI on issues related to patient safety.
If you would like to share your comments or suggestions, please email us at [email protected].
Copyright © 2024 All Rights Reserved | Praram 9 Hospital