တရုတ်ရိုးရာဆေးကုသမှုဌာန

...

ဖွင့်ချိန်များ

ဖွင့်ချိန်

  • တနင်္လာနေ့မှ သောကြာနေ့ - မနက် ၈:၀၀ မှ ညနေ ၆:၀၀
  • စနေနေ့၊ တနင်္ဂနွေနေ့နှင့် ရုံးပိတ်ရက်များ - မနက် ၈:၀၀ မှ ညနေ ၄:၀၀

ပါရာမ် ၉ ဆေးရုံ၏ တရုတ်ရိုးရာဆေးကုသမှုဌာနတွင် သဘာဝနည်းကျ ပြည့်စုံသော ကျန်းမာရေးပြန်လည်ထူထောင်ရေးဝန်ဆောင်မှုကို လက်ခံရရှိနိုင်ပါသည်။ ကိုယ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဟန်ချက်ညီမှုကို ပြန်လည်ရရှိစေရန် ရည်ရွယ်၍ ဆေးစား၍ကုသခြင်း၊ အပ်စိုက်ကုသခြင်း နှင့် အပူသုံး ကုသခြင်း အပါအဝင် တရုတ်ရိုးရာဆေးပညာ နည်းစနစ်မျိုးစုံဖြင့် သင့်တော်သော ကုသမှုများကို ပေးစွမ်းလျက်ရှိပါသည်။


What is Traditional Chinese Medicine (TCM)?


တရုတ်ရိုးရာဆေးပညာ (TCM) သည် နှစ်ပေါင်း ထောင်ချီထဲက စတင်ပေါ်ပေါက်ခဲ့သော ဆေးပညာရပ်တစ်ခုဖြစ်ပါသည်။ တရုတ်ရိုးရာဆေးပညာ (TCM)ဖြင့် လူနာများကို ကုသရာတွင် လေ့လာခြင်းနှင့် စမ်းသပ်ခြင်းအပါအဝင် သိပ္ပံနည်းကျ နည်းလမ်းများကို အသုံးပြုပါသည်။ ဤနည်းလမ်းများကို တရုတ်ရိုးရာဆေးကျမ်းများတွင် မှတ်တမ်းတင်ခဲ့ပြီး မျိုးဆက်တစ်ဆက်မှ တစ်ဆက်သို့ ယနေ့တိုင် လက်ဆင့်ကမ်းခဲ့ကြပါသည်။ TCM သည် ကိုယ်တွင်းညီမျှမှုကို အလေးထားကာ ရောဂါကို စုံလင်စွာ ကုသခြင်း၊ ကာကွယ်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်းကို အာရုံစိုက်ပါသည်။ TCM ၏ နိယာမများအရ ရောဂါ၏ အခြေအနေများနှင့် လက္ခဏာရပ်များကို ဆန်းစစ်လေ့လာပြီး ရောဂါရှာဖွေမှုပြုလုပ်ကာ ကုသမှု၏ ရလဒ်သည်လည်း လူနာ၏ ခန္ဓာကိုယ်အခြေအနေနှင့် ရောဂါ၏ သဘာဝပေါ်တွင် မူတည်ပါသည်။


TCM သည် သဘာဝသိပ္ပံပညာ၊ မနုဿဗေဒနှင့် လူမှုဗေဒတို့ကို တန်ဖိုးထားသော ဆေးပညာဖြစ်ပါသည်။ ကုထုံးများသည် စုံလင်ပြည့်စုံသော ချဉ်းကပ်နည်းများဖြစ်ပြီး လူနာများကို သဘာဝတရားနှင့် လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းအဖြစ် ရှု့မြင်ပါသည်။ ပြင်ပအကြောင်းရင်းများကြောင့် ခန္ဓာကိုယ်ကို ထိခိုက်သည့်အခါ အတွင်းအင်္ဂါများကို သက်ရောက်မှုရှိစေပြီး ရုတ်တရက်ဖြစ်သော ရောဂါများနှင့် နာတာရှည်ရောဂါများကို ဖြစ်ပေါ်စေနိုင်ပါသည်။ TCM သည် ရောဂါ၏ အကြောင်းရင်းခံကို ကုသရုံသာမက ရောဂါလက္ခဏာများကိုလည်း သက်သာစေရန် ရည်ရွယ်ပါသည်။


TCM ၏ အခြေခံသီအိုရီမှာ Yin-Yang သီအိုရီဖြစ်ပါသည်။ ၎င်းသည် တရုတ်ရိုးရာ ဒဿနိကဗေဒတစ်ခုဖြစ်ပြီး အပြန်အလှန်ဆက်သွယ်နေပြီး အပြန်အလှန်မှီခိုနေရသော အရာနှစ်ခုကို ဖော်ပြပါသည်။ ထို့အပြင် သစ်သား၊ မီး၊ မြေကြီး၊ သတ္ထုနှင့် ရေ ပါဝင်သော ဒြပ်စင်ကြီး ငါးပါးသီအိုရီသည် အရာခပ်သိမ်း၏ မူလအစကို ရှင်းပြပါသည်။ ဤနိယာမများသည် TCM အဖြစ်သို့ ပြောင်းလဲတိုးတက်လာပြီး လူတစ်ဦးချင်းစီအတွက် သီးသန့်ကုသမှုပေးရန် အဓိကထားပါသည်။


TCM ၏ အဓိက အယူအဆများ


TCM သည် အဓိက အယူအဆနှစ်ခုကို အလေးပေးဖော်ပြပါသည် -

  • လူနှင့် ပတ်ဝန်းကျင်ဆက်ဆံရေး (整体观念) - TCM သည် လူသားများသည် သဘာဝနှင့် နီးကပ်စွာ ဆက်စပ်နေသည်ဟု မြင်ပါသည်။ ကိုယ်အင်္ဂါများသည် သွေးလည်ပတ်မှု လမ်းကြောင်းစနစ်များမှတစ်ဆင့် ချိတ်ဆက်နေခြင်းကြောင့် သဘာဝနှင့် ရာသီဥတုပြောင်းလဲမှုများသည် လူ့ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်ကို သက်ရောက်မှုရှိစေပါသည်။ ကိုယ်အင်္ဂါများနှင့် တစ်ရှူးများတွင် သီးခြားလုပ်ဆောင်ချက်များရှိပြီး အချင်းချင်း မှီခိုအားထားရခြင်းနှင့် ထိန်းညှိပေးခြင်းများ ပြုလုပ်ကြရကာ သွေးနှင့် Qi (စွမ်းအင်) များဖြင့် ပံ့ပိုးအားဖြည့်ပေးပြီး စိတ်၏ထိန်းချုပ်မှုအောက်တွင် ပုံမှန်ဘဝကို ထိန်းသိမ်းထားနိုင်ခြင်းဖြစ်ပါသည်။ ကိုယ်အင်္ဂါတစ်ခုတွင် လုပ်ဆောင်မှုမူမမှန်ဖြစ်ပါက အခြားအင်္ဂါများကို သက်ရောက်မှုရှိစေနိုင်ပါသည်။.
  • ရောဂါ၏ အဆင့်အလိုက် ခွဲခြားသတ်မှတ်ပြီး ရောဂါရှာဖွေကုသခြင်း (辨证论治) - TCM သည် ရောဂါများကို ရောဂါလက္ခဏာများနှင့် လက္ခဏာရပ်များကို ဆန်းစစ်လေ့လာကာ မှန်ကန်သော ကုသမှုနည်းလမ်းကို ခွဲခြားသတ်မှတ်ရန် ရောဂါရှာဖွေပြီး ကုသပါသည်။ တူညီသောရောဂါများ၏ ကွဲပြားသော ရောဂါလက္ခဏာစုများသည် ကွဲပြားသော ကုသမှုများကို လိုအပ်ပါသည်။ ဥပမာအားဖြင့် သာမန်အအေးမိခြင်းသည် လေပူ (wind-heat) သို့မဟုတ် လေအေး (wind-cold) ကြောင့် ဖြစ်နိုင်ပြီး ဆေးဖက်ဝင်အပင်များ သို့မဟုတ် ဆေးထိုးသည့်နေရာများ ရွေးချယ်မှုသည် ထိုအခြေအနေပေါ်တွင် မူတည်ပြီး ကွဲပြားပါလိမ့်မည်။ အပြန်အလှန်အားဖြင့် ရောဂါမတူသော်လည်း လက္ခဏာတူပါက

ပါရာမ် ၉ ရှိ TCM ဆေးခန်းတွင် ရောဂါရှာဖွေခြင်း


ပါရာမ် ၉ တရုတ်ဆေးပညာဌာန၏ ရောဂါကို ခွဲခြမ်းစစ်ဆေးခြင်းတွင် လူနာခန္ဓာကိုယ်အခြေအနေကို နက်ရှိုင်းစွာနားလည်ရန် ကြည့်ရှုခြင်း၊ နားထောင်ခြင်း၊ အနံ့ခံခြင်း၊ မေးမြန်းခြင်းနှင့် လက်ကောက်ဝတ်တွင် သွေးခုန်နှုန်းစစ်ဆေးခြင်းတို့ ပါဝင်သည့်အတွက် စုံလင်ပြည့်စုံပါသည်။ ထိုအချက်အလက်များအပေါ် မူတည်၍ ရောဂါအခြေအနေအပေါ်မူတည်ကာ မှန်ကန်သော ခွဲခြားစစ်ဆေးမှုကို ပြုလုပ်ပါသည်။ လူနာတစ်ယောက်ထဲကပဲ နေထိုင်မှုပုံစံ၊ ပတ်ဝန်းကျင်နှင့် စိတ်ခံစားမှုပြောင်းလဲမှုများပေါ် မူတည်၍ လာရောက်ပြသသည့် အကြိမ်တိုင်းတွင် ကွဲပြားသော သွေးခုန်နှုန်းများ ရှိနေနိုင်ပြီး ၎င်းအချက်ကပဲ ခန္ဓာကိုယ်၏


ပါရာမ် ၉ ရှိ TCM ဆေးခန်းတွင် ကုသမှုများ


ပါရာမ် ၉ TCM ဆေးခန်းရှိ ကုသမှုများသည် ခန္ဓာကိုယ် ဟန်ချက်ညီမှုကို ပြန်လည်ထူထောင်ရန်နှင့် ရောဂါပြန်ဖြစ်ခြင်းကို ကာကွယ်ခြင်းတို့ကို အလေးပေးဆောင်ရွ်ကပါသည်။ Yin-Yang၊ အအေး-အပူနှင့် အားနည်းခြင်း-အားပြည့်ခြင်း တို့ကို ဟန်ချက်ညီအောင် ထိန်းသိမ်းရန် အချိန်ယူရနိုင်သော်လည်း အောင်မြင်စွာ ဟန်ချက်ညီသွားပါက မိမိကိုယ်ကို ပိုမိုကောင်းမွန်စွာ ဂရုစိုက်နိုင်ပြီး ဘဝ၏ အရည်အသွေး မြင့်မားလာစေပါသည်။ ဆေးခန်းမှ အောက်ပါကုသမှုများကို ပေးအပ်လျက်ရှိပါသည်-

  • အပ်စိုက်ကုထုံး
  • လျှပ်စစ်-အပ်စိုက်ကုထုံး
  • အပူပေးမီးအိမ်ဖြင့် ဓာတ်ရောင်ခြည်ကုထုံး

လိပ်စာ

ပါရာမ် ၉ ဆေးရုံ၊ ပင်မအဆောက်အအုံ A၊ ၈ လွှာ


ဖွင့်ချိန်

တနင်္လာနေ့မှ သောကြာနေ့ - မနက် ၈:၀၀ မှ ညနေ ၆:၀၀

စနေနေ့၊ တနင်္ဂနွေနေ့နှင့် ရုံးပိတ်ရက်များ - မနက် ၈:၀၀ မှ ညနေ ၄:၀၀

ဌာနရှိ ဆရာဝန်များ

ဌာနရှိ ဆရာဝန်များအားလုံး