အဆစ်အမြစ်စောင့်ရှောက်ရေးဗဟိုဌာန

အဆစ်အမြစ်စောင့်ရှောက်ရေးဗဟိုဌာန

ဖွင့်ချိန်များ

နေ့စဉ်: နံနက် ၈:၀၀ နာရီမှ ည ၈:၀၀ နာရီအထိ။

ကုသမှုဆိုင်ရာ နယ်ပယ်အသီးသီးတွင် အထူးပြုလေ့ကျင့်သင်ကြားထားသည့် အတွေ့အကြုံရင့် အထူးကုဆရာဝန်ကြီးများ၏ ကျွမ်းကျင်မှုကြောင့် အရိုး၊ အဆစ်နှင့် ကြွက်သားစနစ်ဆိုင်ရာ ဝေဒနာများကို ဘက်စုံလွှမ်းခြုံကာ ထိရောက်စွာ ကုသပေးလျက်ရှိပါသည်။ ပုခုံးတောင့်တင်းခြင်း (Frozen Shoulder) နှင့် ဒူးဆစ်ဝေဒနာများအတွက် မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်း၊ ဒူးဆစ်အစားထိုး လဲလှယ်ခြင်းနှင့် ကျောရိုးဆစ်ကျွံ/နိမ့်ဆင်းကာ အာရုံကြောဖိမိခြင်းဆိုင်ရာ ကုသမှုများတို့ ပါဝင်ပါသည်။


ထို့ပြင် လူနာများအားအမြန်ဆုံး သက်သာလာစေရန်နှင့် ပုံမှန်နေ့စဉ်ဘဝကို ပျော်ရွှင်စွာ ပြန်လည်ဖြတ်သန်းနိုင်စေရန်အတွက် ကုသရေးရာတွင် လိုအပ်သော အချက်အလက်များနှင့် အကြံပေးဆွေးနွေးမှုများကိုလည်း နွေးထွေးစွာဖြင့်ဝန်ဆောင်မှုပေးလျက်ရှိပါသည်။


အဆစ်အမြစ်စောင့်ရှောက်ရေးဗဟိုဌာန (Joint Care Center) သည် အရိုးနှင့် အဆစ်ရောဂါများအတွက် ဆွေးနွေးတိုင်ပင်ခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းလုပ်ငန်းများကို ခေတ်မီစံချိန်မီ ဆေးဘက်ဆိုင်ရာကိရိယာများ၊ အထူးကုနည်းစနစ်များဖြင့် နေ့စဉ် (Daily) ဝန်ဆောင်မှုပေးလျက်ရှိပါသည်။


အကြောင်းမှာ ကျွန်ုပ်တို့အတွက် 'လှုပ်ရှားမှုတိုင်းသည် ဘဝ' ဖြစ်သောကြောင့်ပင် ဖြစ်ပါသည်။

ဆေးပညာတိုးတက်မှုများကြောင့် အရိုး၊အဆစ် (အတု) အစားထိုးခွဲစိတ်မှု နည်းပညာများသည် များစွာတိုးတက်ပြောင်းလဲလာပြီ ဖြစ်ပါသည်။ ယခင်က လူနာများသည် ခွဲစိတ်ပြီးနောက်ပိုင်း နာကျင်မှုဝေဒနာ ခံစားရမည်ကို စိုးရိမ်ခဲ့ကြပြီး ခွဲစိတ်ပြီးနောက် ပြန်လည်လမ်းလျှောက်နိုင်ရန်မှာ အလွန်ခက်ခဲသောကိစ္စတစ်ခုဟု ယူဆခဲ့ကြပါသည်။ သို့သော် လက်ရှိတွင် နာကျင်မှုကို ထိရောက်စွာ ထိန်းချုပ်ပေးသည့် နည်းစနစ်များနှင့် ကြွက်သားထိခိုက်ဒဏ်ရာရမှုကို အနည်းဆုံးဖြစ်စေသည့် ခေတ်မီခွဲစိတ်နည်းစနစ်များကို အသုံးပြုထားသောကြောင့် ခွဲစိတ်မှုခံယူသည့် လူနာများသည် ၂၄ နာရီအတွင်း ပြန်လည်မတ်တပ်ရပ် လမ်းလျှောက်နိုင်ပြီ ဖြစ်ပါသည်။


ဝန်ဆောင်မှုများ (Services)


  • အထွေထွေ အရိုးနှင့် အဆစ် ခွဲစိတ်ကုသမှု
  • အရိုးနှင့် အဆစ်ဆိုင်ရာ ဆွေးနွေးတိုင်ပင်ခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်း (Check-up)
  • အရိုးနှင့် အဆစ်ဆိုင်ရာ ထိခိုက်ဒဏ်ရာရလူနာများအတွက် ခွဲစိတ်ကုသမှု (Trauma)
  • ခြေထောက်နှင့် ခြေကျင်းဝတ် ခွဲစိတ်ကုသမှု (Foot & Ankle)
  • အရိုးနှင့် တစ်ရှူးအကျိတ်ဆိုင်ရာ ကုသမှု (Bone & Soft Tissue Tumor)
  • အားကစားဆိုင်ရာ ဆေးပညာ (Sports Medicine)
  • လက်နှင့် အသေးစားသွေးကြောဆိုင်ရာ ခွဲစိတ်ကုသမှု (Hand and Microsurgery)
  • ဒူးဆစ်နှင့် တင်ပါးဆုံဆစ် အစားထိုးခွဲစိတ်ကုသမှု (Arthroplasty)
  • ကလေးအရိုးနှင့် အဆစ်ဆိုင်ရာ ခွဲစိတ်ကုသမှု (Pediatric Orthopedics)
  • ကျောရိုးဆစ် ခွဲစိတ်ကုသမှု (Spine Surgery)

တည်နေရာ

အဆစ်အမြစ်စောင့်ရှောက်ရေးဗဟိုဌာန (Joint Care Center)၊ ၂လွှာ၊ အဆောက်အအုံ A ၊ Praram 9 ဆေးရုံကြီး။


ဝန်ဆောင်မှုပေးသည့်အချိန်

နေ့စဉ်: နံနက် ၈:၀၀ နာရီမှ ည ၈:၀၀ နာရီအထိ။