အရိုးနှင့် အဆစ်အမြစ်အထူးကုဌာန

...

ဖွင့်ချိန်များ

နေ့စဉ် မနက် ၀၇:၀၀ မှ ည ၀၈:၀၀ နာရီအထိ

အရိုးနှင့် အဆစ်အမြစ်ရောဂါများသည် ကလေးများမှ သက်ကြီးရွယ်အိုများအထိ အသက်အရွယ်မရွေး ကြုံတွေ့နိုင်ပြီး နေ့စဉ်ဘဝအပေါ် သိသိသာသာ သက်ရောက်မှုရှိနိုင်ပါသည်။


Highlights of the Praram 9 Hospital Orthopedic Center


We are fully equipped to diagnose and treat bone and joint diseases, supported by a team of specialists experienced in:


  • ဒူးအစားထိုးခွဲစိတ်ကုသခြင်း
  • တင်ပဆုံအစားထိုးခွဲစိတ်ကုသခြင်း
  • ကျောရိုးဆိုင်ရာ ခွဲစိတ်ကုသခြင်း
  • ခြေထောက်ဆိုင်ရာ ခွဲစိတ်ကုသခြင်း
  • လက်၊ လက်ကောက်ဝတ်၊ လက်မောင်း၊ ခြေထောက်၊ ခြေချင်းဝတ်နှင့် ခြေဖဝါးဆိုင်ရာ အရိုးကျိုးခြင်းများ ကုသခြင်း

ခွဲစိတ်မှုအနည်းဆုံး နည်းပညာများကိုအသုံးပြုသောကြောင့် ခွဲဒဏ်ရာ သေးခြင်း၊ နာကျင်မှုနည်းခြင်းနှင့် မြန်မြန်ပြန်လည်နာလန်ထူနိုင်ခြင်း တို့ကို ရရှိစေပါတယ်။ အဲ့အတွက်လူနာများသည်နောက်ဆက်တွဲပြဿနာများနည်းပါးစွာဖြင့် ပိုမိုမြန်ဆန်စွာ ပြန်လည်သက်သာလာကြပါတယ်။ ခွဲစိတ်ကုသပြီးနောက် ပြန်လည်စစ်ဆေးခြင်းနှင့် နောက်ဆက်တွဲပြဿနာများအား စောင့်ကြည့်ခြင်း အပါအဝင် ခွဲစိတ်ကုသပြီး စောင့်ရှောက်မှုများကိုလည်း ရရှိနိုင်ပါတယ်


"JCI စံချိန်စံညွှန်းများနှင့်ကိုက်ညီသော ခေတ်မီကုထုံးများ၊ ကိရိယာများနှင့် နည်းပညာများဖြင့် ရောဂါရှာဖွေရေးမှသည် ကုသရေးအထိ ဝန်ဆောင်မှုအပြည့်အစုံကို ပေးလျက်ရှိပါတယ်။ လူနာများအတွက် လူတစ်ဦးချင်းစီနှင့်ကိုက်ညီသော ရုပ်ပိုင်းဆိုင်ရာကုထုံး အစီအစဉ်များကိုလည်း ရရှိနိုင်ပါတယ်"

အသက်အရွယ်အလိုက် ကြုံတွေ့ရတတ်သော အရိုးနှင့်အဆစ်ပြဿနာများ

အလုပ်လုပ်နိုင်သည့် လူကြီးအရွယ်တွင်:


ရုံးသမားများတွင်ဖြစ်တတ်သော ရောဂါလက္ခဏာစုနှင့်ဆက်စပ်သော ပြဿနာများ-


  • လည်ပင်း၊ ပခုံးနှင့် ခါးနာခြင်း
  • လက်နှင့် လက်ကောက်ဝတ်နာခြင်း
  • တင်ပဆုံနှင့် ခါးအောက်ပိုင်းနာခြင်း
  • ခါးအပေါ်ပိုင်း ကြွက်သားများနာခြင်း
  • ကြွက်သားများ ထုံကျဉ်ခြင်း သို့မဟုတ် စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း

အားကစားသမားများနှင့် ကိုယ်ကာယလှုပ်ရှားသူများတွင်:


  • ကြွက်သား သို့မဟုတ် အရွတ်များ စုတ်ပြဲခြင်း၊ အားကစားမတော်တဆမှုများကြောင့်ဖြစ်သော အရိုးကျိုးခြင်းများ ကဲ့သို့သော ရုတ်တရက် ကြွက်သားနှင့် အရိုးဒဏ်ရာများ
  • အရွတ်ရောင်ရမ်းခြင်းနှင့် လက်ကောက်ဝတ်ရိုးတွင်းအရွတ်ရောင်ရမ်းခြင်း (Carpal Tunnel Syndrome) ကဲ့သို့သော နာတာရှည် ကြွက်သားဒဏ်ရာများ
  • လေ့ကျင့်ခန်း လုပ်ရန်လိုအပ်သည်ထက် လျော့နည်းစွာလုပ်ခြင်းကြောင့် ကြွက်သားများ တင်းမာခြင်း

သက်ကြီးရွယ်အိုများတွင်:


အရိုး၊ အဆစ်နှင့် ကြွက်သားများ ယိုယွင်းပျက်စီးမှုနှင့် ဆက်စပ်သော အခြေအနေများ ဖြစ်သည့်:

  • အရိုးနှင့်အဆစ်ရောင်ရောဂါ
  • အရိုးပွရောဂါ
  • ယေဘုယျ ကြွက်သားအားနည်းခြင်း၊ သက်ကြီးရွယ်အိုလူနာများတွင် အဖြစ်များသော
  • ချော်လဲမှုများမှ ဖြစ်ပေါ်လာသော အရိုးကျိုးခြင်းများ

ဤအခြေအနေများသည် လှုပ်ရှားသွားလာရန် အခက်အခဲ၊ အဆစ်နှင့် ကြွက်သားများ နာကျင်ခြင်း နှင့် နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင် အခက်အခဲများ ကိုဖြစ်စေနိုင်ပါသည်။ ပါရာမ် ၉ ဆေးရုံရှိ အရိုးနှင့်အဆစ်ရောဂါကုသရေးဌာနသည် အရိုး၊ အဆစ်နှင့် ကြွက်သားအရိုးစနစ် ကျန်းမာရေးအတွက် အထူးကုစောင့်ရှောက်မှုဖြင့် ဤပြဿနာများကို ကိုင်တွယ်ဖြေရှင်းပေးပါသည်။


ပါရာမ် ၉ ဆေးရုံရှိ အရိုးနှင့်အဆစ် အမြစ်ရောဂါကုသရေးဌာနသည် အရိုး၊ အဆစ်ရောဂါများနှင့် ကြွက်သားအရိုးစနစ်ဆိုင်ရာ အခြေအနေများကြောင့်ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများကို နားလည်သိရှိထားပါသည်။ အရိုး၊ အဆစ်နှင့် ကြွက်သားဆိုင်ရာ ပြဿနာများကို ကြုံတွေ့နေရသူများအတွက် ကုသရေး၊ စီမံခန့်ခွဲရေးနှင့် တိုင်ပင်ဆွေးနွေးရေး ဝန်ဆောင်မှုများကို အရိုးအဆစ်ရောဂါ အထူးကုစောင့်ရှောက်မှုဖြင့် ပေးအပ်လျက်ရှိပါသည်။

ပါရာမ် ၉ ဆေးရုံ အရိုးနှင့်အဆစ်အမြစ် ရောဂါကုသရေးစင်တာမှ ပေးအပ်သော ၀န်ဆောင်မှုများ


orthopedic-5.png
  • အရိုးနှင့်အဆစ် အမြစ်ရောဂါ စစ်ဆေးခြင်းနှင့် တိုင်ပင်ဆွေးနွေးခြင်း အရိုးနှင့်အဆစ်အမြစ်ရောဂါရှိသူများ၊ ပုံမှန်လှုပ်ရှားမှု မဟုတ်မှုများအပေါ် သံသယရှိသူများ သို့မဟုတ် ခံစားနေရသူများအတွက် ရောဂါရှာဖွေရေးနှင့် တိုင်ပင်ဆွေးနွေးမှုဝန်ဆောင်မှုများကို ပေးလျက်ရှိပါသည်။ သက်ကြီးရွယ်အိုများတွင်ဖြစ်လေ့ရှိသော အရိုးနှင့်အဆစ်ရောဂါများလည်း အပါအဝင်ဖြစ်ပါသည်။
  • အားကစားဆေးပညာ အားကစားသမားများနှင့် သာမန်ပြည်သူများအတွက် ကိုယ်ကာယစွမ်းဆောင်ရည် မြှင့်တင်ရန် တိုင်ပင်ဆွေးနွေးခြင်းနှင့် ကျွမ်းကျင်အကြံဉာဏ်များ ပေးလျက်ရှိပါသည်။ ပြိုင်ပွဲများ သို့မဟုတ် အားကစားလှုပ်ရှားမှုမျိုးစုံမှ ထိခိုက်ဒဏ်ရာရသူ ပုဂ္ဂိုလ်ရေးနှင့် အားကစားသမားများအတွက် စောင့်ရှောက်မှုနှင့် ရုပ်ပိုင်းဆိုင်ရာကုထုံးဝန်ဆောင်မှုများ ပါဝင်ပါသည်။
  • ဒီဂျစ်တယ် ဓာတ်မှန်ဖြင့် အရိုးနှင့်အဆစ် စစ်ဆေးခြင်း အရိုးကျိုးခြင်း သို့မဟုတ် အက်ရာများကို ရှာဖွေဖော်ထုတ်ရန်နှင့် အရိုးနှင့်အဆစ်ရောင်ရမ်းခြင်းကို ရောဂါရှာဖွေရန် ဒီဂျစ်တယ် ဓာတ်မှန်နည်းပညာကို အသုံးပြုထားပါသည်။ အရည်အသွေးမြင့် ဒီဂျစ်တယ်ပုံများသည် အသေးစိတ်ကျပြီး တိကျသောရလဒ်များကို ပေးစွမ်းနိုင်ပါသည်။
  • အရိုးနှင့်အဆစ် စစ်ဆေးမှုအတွက် CT Scan ရိုးရိုးဓာတ်မှန်များနှင့်နှိုင်းယှဉ်ပါက အရိုးဆိုင်ရာ ပုံမှန်မဟုတ်မှုများအကြောင်း ပိုမိုအသေးစိတ်အချက်အလက်များကို ဤစစ်ဆေးမှုမှ ပေးစွမ်းနိုင်ပါသည်။
  • အရိုးနှင့်အဆစ် စစ်ဆေးမှုအတွက် MRI MRI သည် အရိုးများနှင့် ပတ်ဝန်းကျင်ရှိ ပျော့ပျောင်းသော တစ်ရှူးများ၏ အလွန်ထိရောက်ပြီး အသေးစိတ်ကျသော ပုံရိပ်များကို ပေးစွမ်းကာ ဆရာဝန်များအား အခြေအနေများကို တိကျစွာရောဂါရှာဖွေပြီး တိကျသောကုသမှုအစီအစဉ်များ ရေးဆွဲနိုင်စေပါသည်။
  • ခြေထောက်အရိုးပြဿနာများအား ရောဂါရှာဖွေကုသခြင်း အရိုးကျိုးခြင်း၊ ပုံပျက်ခြင်း၊ ခြေဖနှင်းခြေရင်းရောင်ရမ်းခြင်း၊ ခြေကျင်းဝတ်နာခြင်းနှင့် အခြားခြေထောက်အရိုးပုံမှန်မဟုတ်မှုများကဲ့သို့သော ခြေထောက်အရိုးပြဿနာများအတွက် ရောဂါရှာဖွေရေးနှင့် ကုသမှုဝန်ဆောင်မှုများ ပေးအပ်ထားပါသည်။
  • အရိုးခွဲစိတ်ကုသခြင်း မတော်တဆမှုများကြောင့်ဖြစ်သော ထိခိုက်ဒဏ်ရာများ၊ သက်ကြီးရွယ်အိုများတွင်ဖြစ်သော အရိုးနှင့်အဆစ်ရောဂါများ အပါအဝင် အရိုး၊ အဆစ်နှင့် အရွတ်ရောဂါမျိုးစုံအတွက် စောင့်ရှောက်မှုနှင့် ကုသမှုများဆောင်ရွက်ပေးလျက်ရှိပါသည်။
  • လက်နှင့် အသေးစိတ်ခွဲစိတ်ကုသခြင်း လက်ချောင်းများ၊ လက်များ၊ လက်မောင်းများနှင့် လက်မောင်းအာရုံကြောများကို ထိခိုက်စေသော အခြေအနေများအတွက် တိုင်ပင်ဆွေးနွေးခြင်းနှင့် ကုသမှုများ ပေးအပ်ပါသည်။ လက်ချောင်းများ၊ လက်များ၊ လက်မောင်းများ၊ အရွတ်များနှင့် အာရုံကြောများနှင့်ဆက်စပ်သော ထိခိုက်ဒဏ်ရာများနှင့် ပုံမှန်မဟုတ်မှုများကို ပြုပြင်ရန် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးပါသည်။
  • ကလေးအရိုးအဆစ်ရောဂါကုသခြင်း ကလေးများတွင်ဖြစ်သော အရိုး၊ ကြွက်သားနှင့် အရွတ်ပုံမှန်မဟုတ်မှုများအတွက် တိုင်ပင်ဆွေးနွေးခြင်းနှင့် ကုသမှုဝန်ဆောင်မှုများ ပေးအပ်ထားပါသည်။
  • ဒူးအစားထိုးခွဲစိတ်ကုသမှုဖြင့် ဒူးအဆစ်ရောင်ရောဂါ ကုသခြင်း ဒူးအဆစ်ပြဿနာများခံစားနေရသော လူနာများအတွက် ဒူးအဆစ်အပြည့်အစားထိုးကုသခြင်းနှင့် အစိတ်အပိုင်းအစားထိုးကုသခြင်းများအပြင် သွေးဥမွှားဆေးထိုးသွင်းခြင်းဖြင့် ဒူးအဆစ်ရောင်ရောဂါကို ကုသပေးလျက်ရှိပါသည်။
  • တင်ပဆုံအစားထိုးခွဲစိတ်ကုသခြင်း ချော်လဲမှုများကြောင့် တင်ပဆုံအရိုးကျိုးသည့် သက်ကြီးရွယ်အိုလူနာများအတွက် တင်ပဆုံအစားထိုးခွဲစိတ်ကုသမှု ဝန်ဆောင်မှုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။

ကုသမှုဝန်ဆောင်မှုများ

  • ပတ်တီးစည်းခြင်း ကုထုံး
  • တစ်ရှူးအပ်ဖြင့် တစ်နေရာချင်းစီကို ဆေးထိုးကုသခြင်း
  • ဒူးအဆစ်ရောင်ရောဂါအတွက် PRP ဆေးထိုးကုသခြင်း
  • ဒူးအဆစ်အတွင်း Hyaluronic Acid ဆေးထိုးကုသခြင်း
  • ခွဲစိတ်မှုအနည်းဆုံး လက်ချောင်း တောင့်တင်းမှု ကုသခြင်း
  • လက်ချောင်း တောင့်တင်းခြင်း၊ အရည်အိတ်ဖယ်ရှားခြင်းနှင့် လက်ကောက်ဝတ်ရိုးတွင်းအရွတ်ရောင်ရမ်းခြင်း အတွက် ခွဲစိတ်ကုသမှုများ
  • ပခုံး၊ ဒူး၊ ခြေချင်းဝတ်နှင့် ခြေထောက်များအတွက် အဆစ်မှန်ပြောင်းကြည့်ခွဲစိတ်ကုသမှုများ
  • ကျောရိုးဆိုင်ရာ ခွဲစိတ်ကုသမှုများ
  • ဒူးနှင့် တင်ပဆုံအဆစ်များအတွက် အဆစ်အစားထိုးခွဲစိတ်ကုသမှုများ
  • မတော်တဆမှုများကြောင့်ဖြစ်သော အရိုးကျိုးခြင်းဆိုင်ရာ ခွဲစိတ်ကုသမှုများ

ဆက်စပ်ကုသရေးဌာနများ


အရိုးနှင့်အဆစ်အမြစ် ရောဂါကုသရေးဌာနအပြင် ပါရာမ် ၉ ဆေးရုံသည် အောက်ပါဌာနများတွင်လည်း အရိုးနှင့်အဆစ်ဆိုင်ရာ အခြေအနေမျိုးစုံအတွက် တိုင်ပင်ဆွေးနွေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသမှုဝန်ဆောင်မှုများကို ဆက်လက်ပေးအပ်လျက်ရှိပါသည်-


ဆက်စပ်ကုသရေးဌာနများ

အရိုးနှင့်အဆစ်အမြစ် ရောဂါကုသရေးဌာနအပြင် ပါရာမ် ၉ ဆေးရုံသည် အောက်ပါဌာနများတွင်လည်း အရိုးနှင့်အဆစ်ဆိုင်ရာ အခြေအနေမျိုးစုံအတွက် တိုင်ပင်ဆွေးနွေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသမှုဝန်ဆောင်မှုများကို ဆက်လက်ပေးအပ်လျက်ရှိပါသည်-

အဆစ်အမြစ် ဂရုစိုက်ခြင်း ဌာန

ပါရမ် ၉ ဆေးရုံရှိ အဆစ်အမြစ်စောင့်ရှောက်ရေးဌာနသည် အဆင့်မြင့်ကိရိယာများကို အသုံးပြု၍ အရိုး၊ အဆစ်နှင့် ကြွက်သားစောင့်ရှောက်ရေးဆိုင်ရာ အထူးကုဆရာဝန်များအဖွဲ့မှ ဦးဆောင်ပြီး ရောဂါရှာဖွေခြင်းနှင့် ကုသမှုဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိပါသည်။


ကျွန်ုပ်တို့၏ ၀န်ဆောင်မှုများတွင် အဆစ်မှန်ပြောင်းကြည့်စစ်ဆေးခြင်း နှင့် အဆစ်အစားထိုးကုသခြင်း အပါအဝင် ခွဲစိတ်မှုအနည်းဆုံးနည်းပညာများလည်း ပါဝင်ပါသည်။ ထို့အပြင် ခွဲစိတ်ကုသပြီးနောက်ပိုင်း နှင့် အခြားကုသမှုလုပ်ငန်းစဉ်များ ပြုလုပ်ပြီးစီးချိန်များအတွက် တိုင်ပင်ဆွေးနွေးခြင်းနှင့် နောက်ဆက်တွဲစောင့်ရှောက်မှုများကိုလည်း ရရှိနိုင်ပါသည်။

ကျောရိုးဆိုင်ရာ အထူးကုဌာန

ပါရာမ် ၉ ဆေးရုံရှိ အဆင့်မြင့် ကျောရိုးဆိုင်ရာ အထူးကုဌာနသည် အတွေ့အကြုံရင့်ကျက်ပြီး အထူးပြုပြင်ဆင်ထားသော ဆေးဘက်ဆိုင်ရာအဖွဲ့မှ စုံလင်သည့် ရောဂါရှာဖွေရေးနှင့် ကုသမှုဝန်ဆောင်မှုများကိုပေးအပ်လျက်ရှိပါသည်။ အစောပိုင်းကုသမှုများမှသည် ရှုပ်ထွေးသောခွဲစိတ်ကုသမှုများအထိ ကိုင်တွယ်ဖြေရှင်းပေးပါသည်။

ထို့အပြင် ကဏ္ဍစုံမှပညာရှင်များပါဝင်သော အဖွဲ့သည် လူနာများအား ကုသမှုမတိုင်မီနှင့် ကုသပြီးချိန်များတွင် ပူးပေါင်းစောင့်ရှောက်ပေးပြီး ၎င်းတို့ ပုံမှန်ဘဝသို့ မြန်ဆန်စွာ ပြန်လည်ရောက်ရှိစေရန် အဆင့်မြင့်နည်းပညာများကို အသုံးပြုကာ ကူညီဆောင်ရွက်ပေးပါသည်။

လိပ်စာ : အရိုးနှင့်အဆစ် ရောဂါကုသရေးဌာန၊ ပင်မအဆောက်အအုံ A၊ ၂ လွှာ၊ ပါရာမ် ၉ ဆေးရုံ

ဖွင့်ချိန် : နေ့စဉ် မနက် ၀၇:၀၀ မှ ည ၀၈:၀၀ နာရီအထိ

ဆက်သွယ်ရန် : ဖုန်း - ၁၂၇၀ / +၆၆၂ ၂၀၂ ၉၉၉၉

အီးမေးလ် - [email protected]

ဌာနရှိ ဆရာဝန်များ

ဌာနရှိ ဆရာဝန်များအားလုံး