အရေပြားနှင့် အလှပြင်ခွဲစိတ်ကုသရေးဌာန

...

ဖွင့်ချိန်များ

  • တနင်္လာနေ့ - စနေနေ့ - ၀၈:၀၀ - ၂၀:၀၀
  • တနင်္ဂနွေနေ့ - ၀၈:၀၀ - ၁၆:၀၀

အရေပြားပြန်လည်နုပျိုရေး၊ အလှပြင်လေဆာခွဲစိတ်ကုသမှုနှင့် အရေပြားရောဂါကုသရေးဌာနသည် အဆင့်မြင့်ဆေးဘက်ဆိုင်ရာ ထိရောက်မှုနှင့် နောက်ဆုံးပေါ် အလှပြင်လေဆာခွဲစိတ်ကုသမှုနည်းလမ်းများကို ပေါင်းစပ်ပေးထားသော ထူးခြားသည့် ဌာနတစ်ခုဖြစ်ပါသည်။ အရေပြားထိန်းသိမ်းကုသရေး ဝန်ဆောင်မှုအပြည့်အစုံ ပေးသော ဌာနအဖြစ်၊ အလှပြင်လေဆာခွဲစိတ်ကုသခြင်း၊ ကျွမ်းကျင်အရေပြားထိန်းသိမ်းကုသခြင်းနှင့် အရေပြားရောဂါကုသခြင်းအပါအဝင် ဝန်ဆောင်မှုမျိုးစုံကို ပေးအပ်ကာ ကုသသူများကို အကောင်းဆုံးပုံပန်းသဏ္ဍာန်နှင့် ခံစားမှုရှိစေရန် ရည်ရွယ်ပါသည်။


ပါရာမ် ၉ မှ ဆရာဝန်များသည် အရေပြားရောဂါအထူးကုပညာနှင့် အလှပြင်လေဆာခွဲစိတ်ကုဆိုင်ရာ အသိအမှတ်ပြုလက်မှတ်ရ အထူးကုဆရာဝန်များ ဖြစ်ပါသည်။ လုပ်ဆောင်မှုအားလုံးကို ဤအထူးကုဆရာဝန်များထံမှ ကြီးကြပ်ကွပ်ကဲမှုခံယူရန်လည်း ဆေးရုံမူဝါဒအဖြစ် သတ်မှတ်ထားပါသည်။


ဝန်ဆောင်မှုများ

  • အလှအပဆိုင်ရာကုသမှုများ
  • အလှပြုပြင်လေဆာခွဲစိတ်ခြင်း
  • ကာဗွန်ဒိုင်အောက်ဆိုက်လေဆာ - လိပ်ခေါင်း၊ အရေပြားအကြိတ်၊ မွေးရာပါအမှတ် ဖယ်ရှားခြင်း
  • လေဆာဖြင့် အရေပြားညိုမည်းခြင်း၊ ဝက်ခြံအမာရွတ်၊ မျက်နှာပြင်ညိုမည်းခြင်း၊ တက်တူးဖျက်ခြင်း
  • လေဆာဖြင့် အမွေးဖယ်ရှားဖြင်း
  • IPL - အလင်းဖြင့် အသားအရည်ပြန်လည်နုပျိုစေခြင်း
  • Fractional Radiofrequency လေဆာဖြင့် ဝက်ခြံအမာရွတ်၊ ချိုင့်ခွက်အမာရွတ်၊ အရေးအကြောင်းများ ဖျောက်ခြင်း
  • RF & Thermage လေဆာဖြင့် မျက်နှာတင်းရင်းစေခြင်း
  • Body Fx လေဆာဖြင်ကို့ယ်ခန္ဓာတင်းရင်းစေခြင်း
  • Botulinum toxin & Hyaluronic acid (Filler) ထိုးခြင်း
  • AHA & BHA ချေးချွတ်ခြင်း
  • မျက်နှာပွတ်တိုက်ခြင်းနှင့် အောက်ဆီဂျင်ဖြန်းခြင်း
  • အအေးကုထုံးဖြင်လိ့ပ်ခေါင်း၊ နေလောင်ဒဏ်ကြောင့်ဖြစ်သော အရေပြားမာခြင်းများ ကုခြင်း
  • UVB အလင်းကုထုံးဖြင်ဆို့ရီရေးစစ် ခေါ်အသားထူအရေပြားရောဂါ၊ သွေးဖြူဥများကင်ဆာ၊ နာတာရှည် ယားနာနှင့် နှင်းခူရောဂါများ ကုသခြင်း
  • တစ်ရှူးစစ်ဆေးခြင်း - အရေပြားတွင် ဓာတ်မတည့်မှုဖြစ်စေသော အရာဝတ္ထုကို ရှာဖွေခြင်း

ဆက်စပ်ရောဂါများ

  • အရေပြားရောင်ရမ်းခြင်း

လိပ်စာ

အရေပြားနှင့် အလှပြင်လေဆာခွဲစိတ်ကုသရေးဌာန၊ ၉ လွှာ၊ ပင်မအဆောက်အအုံ B၊ ပါရာမ် ၉ ဆေးရုံ


ဖွင့်ချိန်

တနင်္လာနေ့ - စနေနေ့ - ၀၈:၀၀ - ၂၀:၀၀

တနင်္ဂနွေနေ့ - ၀၈:၀၀ - ၁၆:၀၀

ဌာနရှိ ဆရာဝန်များ

ဌာနရှိ ဆရာဝန်များအားလုံး