အိပ်စက်ခြင်းအထူးကုဌာန

...

ဖွင့်ချိန်များ

နေ့စဉ် မနက် ၇:၀၀ မှ ည ၈:၀၀ နာရီအထိ

လက်ရှိမှာ အိပ်မပျော်ခြင်း သို့မဟုတ် ပုံမှန်မဟုတ်သော အိပ်စက်မှုအရည်အသွေးသည် ကမ္ဘာ့လူဦးရေ၏ ၃၀% အထိ သက်ရောက်မှုရှိသော ပြဿနာတစ်ခုဖြစ်နေပြီး လူသုံးဦးတွင် တစ်ဦးသည် အနည်းဆုံးတစ်လကြာ အိပ်ပျော်ရန် ခက်ခဲခြင်းဖြင့် သွင်ပြင်လက္ခဏာရပ်များပြသနေသော နာတာရှည်အိပ်မပျော်ခြင်းကို ခံစားနေရပါတယ်။ အချိန်ကြာမြင့်စွာ ကုသမှုမခံယူပါက အိပ်နေစဉ် အသက်ရှူရပ်သွားခြင်း (Sleep Apnea) ဖြစ်စေနိုင်ပြီး ညအချိန်တစ်လျှောက် အသက်ရှူရပ်ခြင်း သို့မဟုတ် အသက်ရှူတိုသွားခြင်းများကြောင့် ကိုယ်တွင်းအင်္ဂါများ အောက်ဆီဂျင်ချို့တဲ့ကာ အိပ်မပျော်ခြင်းနှင့် အခြားရောဂါများအတွက် အကြောင်းရင်းတစ်ခုဖြစ်လာနိုင်ပါတယ်


ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ပါရာမ် ၉ ဆေးရုံမှ အိပ်စက်ခြင်းဆိုင်ရာရောဂါကုသရေးဌာနကို စတင်တည်ထောင်ခဲ့ပြီး အိပ်စက်မှုဆိုင်ရာ အခြေအနေမျိုးစုံအား ရောဂါရှာဖွေကုသရန်နှင့် အသက်အန္တရာယ်ဖြစ်စေနိုင်သော ရောဂါများ၏ အန္တရာယ်ကို လျှော့ချရန် ကာကွယ်ရေး၊ ကုသရေးနှင့် ကုသပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်များအထိ စုံလင်သော ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိပါတယ်


၀န်ဆောင်မှုများ

  • ခေတ်မီပြီး သတ်မှတ်ချက်ပြည့်မီသော ဆေးကုသရေးပစ္စည်းကိရိယာများဖြင့် အထူးကုဆေးဘက်ဆိုင်ရာအဖွဲ့မှ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်း
  • အိပ်စက်ခြင်းဆိုင်ရာ ရောဂါများအတွက် တိုင်ပင်ဆွေးနွေးခြင်းနှင့် ရောဂါရှာဖွေခြင်း
  • အိပ်စက်ခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများအား ကုသခြင်း
  • ဆေးရုံတွင် စောင့်ရှောက်မှုလိုအပ်သော လူနာများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန် ဆရာဝန်၏ညွှန်ကြားချက်အရ Sleep Lab တွင် အိပ်စက်မှုစမ်းသပ်ခြင်း ၀န်ဆောင်မှုများပေးခြင်း
  • ကုသပြီးနောက် လူနာများ ကောင်းမွန်သော ဘဝအရည်အသွေးရှိစေရန် ကုသမှုရလဒ်များ

ပါရာမ် ၉ ဆေးရုံမှ အိပ်စက်ခြင်းဆိုင်ရာရောဂါကုသရေးဌာနသည် အသက်ရှူလမ်းကြောင်းဆိုင်ရာနှင့် အိပ်စက်မှုဆိုင်ရာ အရေးပေါ်အခြေအနေများ၊ သက်ကြီးရွယ်အိုများတွင် ကြုံတွေ့ရသော အိပ်စက်မှုပြဿနာများနှင့် အာရုံကြောဆိုင်ရာ ရောဂါများတွင် ၀ါရင့်အတွေ့ အကြုံရှိသည့် ဆေးဘက်ဆိုင်ရာအဖွဲ့များဖြင့် အိပ်စက်ခြင်းဆိုင်ရာ ရောဂါများအတွက် တိုင်ပင်ဆွေးနွေးခြင်းနှင့် ရောဂါရှာဖွေခြင်း ၀န်ဆောင်မှုများကို ပေးအပ်လျက်ရှိပါတယ်


ကျွန်ုပ်တို့၏စင်တာသည် ဆရာဝန်၏ညွှန်ကြားချက်များနှင့်အညီ အိပ်စက်မှုစစ်ဆေးခြင်း ၀န်ဆောင်မှုများကို ပေးအပ်ရုံသာမက ခေတ်မီကုထုံးနည်းပညာများကို အသုံးပြု၍ ပုံမှန်မဟုတ်သော အိပ်စက်မှုပုံစံများကို ကုသခြင်း၊ အိပ်နေစဉ် အသက်ရှူလမ်းကြောင်းပိတ်ဆို့ခြင်း (OSA) ကဲ့သို့သော အသက်အန္တရာယ်ရှိသည့် အခြေအနေများ၏ အန္တရာယ်ကို လျှော့ချခြင်းအထိ အိပ်စက်ခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ အခြေအနေများအား ကုသမှုပေးပါသည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ အန္တရာယ်မဖြစ်လာမီ ရောဂါအကြောင်းရင်းများကို လျှော့ချပေးရန်နှင့်ကု သပြီးနောက် လူနာများ၏ ဘဝအရည်အသွေး မြင့်မားလာစေရန် ဖြစ်ပါသည်။


ပါရာမ် ၉ ဆေးရုံ၊ အိပ်စက်ခြင်းဆိုင်ရာ ရောဂါကုသရေးဌာန၏ ဌာနမှူး ဒေါက်တာ နတ်ထပုံ ဂျိုင်းချာရီယတမ်မှ ပြောကြားချက်အရ-


"ပါရာမ် ၉ ဆေးရုံရှိ အိပ်စက်ခြင်းဆိုင်ရာရောဂါကုသရေးဌာနသည် အိပ်စက်မှုပြဿနာရှိသူ လူနာများအတွက် ထိရောက်ပြီး အထူးပြုစောင့်ရှောက်မှု၏ အရေးပါမှုကို အလေးစိုက်ထားတယ်။ ကျွန်ုပ်တို့၏ ခေတ်မီသတ်မှတ်ချက်မီ ဆေးကုသရေးပစ္စည်းကိရိယာများဖြင့် ပြင်ဆင်ထားသော အတွေ့အကြုံရင့် ဆေးဘက်ဆိုင်ရာအဖွဲ့များမှ ရောဂါရှာဖွေခြင်းမှ ကုသခြင်းအထိ စုံလင်သော ၀န်ဆောင်မှုများကို ပေးအပ်လျက်ရှိပါတယ်။


ထို့အပြင် အိပ်စက်ခြင်းဆိုင်ရာ ရောဂါများအတွက် တိုင်ပင်ဆွေးနွေးခြင်း၊ အိပ်စက်ခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများနှင့် လက္ခဏာများအား ကုသခြင်း၊ ဆရာဝန်များ၏ ညွှန်ကြားချက်အရ အိပ်စက်မှုစစ်ဆေးခြင်းများကိုလည်း ဆောင်ရွက်ပေးပါတယ်။ Sleep Lab အခန်းများသည် သီးသန့်အခန်းများဖြစ်ပြီး အိမ်လိုမျိုး သက်တောင့်သက်သာရှိကာ ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်ကို ဖန်တီးပေးထားပါတယ်။ ကုသပြီးနောက် လူနာများ ကောင်းမွန်သော ဘဝအရည်အသွေးဖြင့် နေထိုင်နိုင်စေရန်အတွက် စဉ်ဆက်မပြတ် ပြန်လည်စောင့်ကြည့်စစ်ဆေးသည့် စောင့်ရှောက်မှုကိုလည်း ပေးအပ်လျက်ရှိပါတယ်"


အိပ်စက်မှုစစ်ဆေးခြင်း (Sleep Test) ဆိုတာ အိပ်စက်နေစဉ် ခန္ဓာကိုယ်၏ လုပ်ငန်းဆောင်တာများကို စောင့်ကြည့်လေ့လာပြီး အိပ်နေစဉ် ဖြစ်ပေါ်တတ်သော ပုံမှန်မဟုတ်သည့် အခြေအနေများကို ဖော်ထုတ်ရန် အသုံးပြုသည့် ရောဂါရှာဖွေရေးစစ်ဆေးမှုတစ်ခု ဖြစ်ပါတယ်။ အိပ်နေစဉ် အသက်ရှူလမ်းကြောင်းပိတ်ဆို့ခြင်း၊ ကြွက်သားများ တက်ခြင်း နှင့် ပုံမှန်မဟုတ်သော အိပ်စက်မှုအပြုအမူများ အပါအဝင် အိပ်စက်ခြင်းဆိုင်ရာ ရောဂါများအား ရောဂါရှာဖွေရန် အသုံးပြုပြီး ဆရာဝန်များအား ကုသမှုများကို တိကျစွာ စီစဉ်ဆောင်ရွက်နိုင်ရန်နှင့် စောင့်ကြည့်နိုင်ရန် ကူညီပေးပါတယ်။


ပါရာမ် ၉ ဆေးရုံရဲ့ အိပ်စက်ခြင်းဆိုင်ရာရောဂါကုသရေးဌာနသည် အိပ်စက်မှုပြဿနာရှိသူများအား ကုသရန် Continuous Positive Airway Pressure (CPAP) ဟုခေါ်သော ဆေးဘက်ဆိုင်ရာ နည်းပညာတစ်ခုကို အသုံးပြုပါသည်။ ဤကုထုံးသည် ပုံမှန်ဟောက်ခြင်းမှသည် ပြင်းထန်သော အိပ်စက်နေစဉ် အသက်ရှူရပ်ခြင်းအထိ ခံစားနေရသည့် အပေါ်ပိုင်း အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှုရှိသော လူနာများအတွက် ထိရောက်မှုရှိပြီး ခေတ်စားသော ကုသမှုနည်းလမ်းတစ်ခု ဖြစ်ပါတယ်။


အိပ်စက်မှုစစ်ဆေးခြင်း (Sleep Test) အတွက် တိုင်ပင်ဆွေးနွေးလိုသူများအနေဖြင့်

အောက်ပါ လက္ခဏာများရှိမရှိ ဆန်းစစ်၍ အန္တရာယ်ရှိမရှိ စစ်ဆေးနိုင်ပါသည်-

  1. ဟောက်ခြင်း
  2. အိပ်နေစဉ် အသက်ရှူရပ်ခြင်းနှင့် ခန္ဓာကိုယ် ခဏခဏ လှုပ်ရှားခြင်း
  3. အိပ်နေစဉ် အသက်ရှူကြပ်ခြင်းနှင့် အသက်ရှူရပ်သွားသည်ဟု သံသယဖြစ်ဖွယ်ရှိခြင်း
  4. လုံလောက်သော အနားယူမှုရှိပါလျက် နေ့အချိန် အလွန်အမင်း အိပ်ငိုက်ခြင်း
  5. မနက်အိပ်ရာထချိန် ခေါင်းကိုက်ခြင်း၊ မောပန်းအားနည်းခြင်းများ မကြာခဏခံစားရခြင်း
  6. ခြေလက်တုန်ခါခြင်း၊ သွားကြိတ်ခြင်း၊ အိပ်ပျော်နေစဉ် လမ်းလျှောက်ခြင်း (သို့) အိပ်မက်ဆိုးမက်ခြင်းကဲ့သို့သော ပုံမှန်မဟုတ်သည့် အိပ်စက်မှုအပြုအမူများ
  7. အိပ်ပျော်ရန် ခက်ခဲခြင်း (သို့) တစ်ပတ်လျှင် သုံးကြိမ်ထက်ပို၍ ညအခါ မကြာခဏ နိုးနေခြင်း

အိပ်ချိန်လွန်ကဲစွာ နည်းပါးခြင်း သို့မဟုတ် များပြားခြင်းသည်ကျန်းမာရေးနှင့် နေ့စဉ်ဘဝအပေါ် ဆိုးရွားစွာ သက်ရောက်မှုရှိသော အန္တရာယ်ရှိသည့် လက္ခဏာတစ်ခုဖြစ်ပါတယ်။ အိပ်ရေးမဝခြင်းသည် အာရုံစိုက်နိုင်စွမ်း၊ မှတ်ဉာဏ်နှင့် အလုပ်လုပ်ကိုင်နိုင်စွမ်း လျော့နည်းကျဆင်းစေနိုင်ပြီး စိတ်တိုလွယ်ခြင်း၊ ငြီးငွေ့ပျင်းရိခြင်းနှင့် စိတ်ဓာတ်ကျခြင်းကဲ့သို့သော စိတ်ခံစားချက်များအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ ဒီလိုမျိုး ဆိုးကျိုးတွေက ရေရှည်ဖြစ်နေမယ်ဆိုရင် အခြားသော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ရောဂါများကို ဦးတည်စေနိုင်ပါတယ်


အဲ့အတွက် အိပ်မပျော်ခြင်း ပြဿနာကို ခံစားနေရပြီး မိမိဘာသာ ပုံမှန်အိပ်စက်မှုပုံစံသို့ မပြန်သွားနိုင်ပါက၊ ဤပြဿနာကြောင့် သင့်ဘဝရဲ့ အခြားသောအပိုင်းများကို မထိခိုက်မီ အထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်

၀န်ဆောင်မှုရယူလိုသူများ သို့မဟုတ် စိုးရိမ်ပူပန်မှုရှိသူများအနေဖြင့်

အောက်ပါလိပ်စာများမှတစ်ဆင့် အထူးကုဆရာဝန်ကြီးများနှင့် ချိန်းဆိုတိုင်ပင်နိုင်ပါတယ်


Website: https://hubs.li/Q01HC3m00

Line: https://lin.ee/vR9xrQs or @praram9hospital

Facebook: www.facebook.com/praram9Hospital

ဖုန်းခေါ်ဆိုရန်: 1270

ဌာနရှိ ဆရာဝန်များ

ဌာနရှိ ဆရာဝန်များအားလုံး