
ဗီဒီယိုခေါ်ဆိုမှု (Telemedicine) မှတစ်ဆင့် ဆရာဝန်များနှင့် ဗီဒီယိုဖြင့် တိုင်ပင်ခြင်း၊

Video Consultation with Praram 9 V
Video Constulation with Doctor at Anytime, Anywhere via PRARAM 9 V
Praram 9 Hospital
ပါရာမ် ၉ ဆေးရုံကြီး၏ ဆီးချိုနှင့် ဇီဝကမ္မရောဂါ ကုသရေးဌာနသည် ဆီးချိုရောဂါနှင့် အခြားဟော်မုန်းဆိုင်ရာ ရောဂါများအား စုံလင်သော ရှုထောင့်မှ ချဉ်းကပ်ကုသမှု ပေးပါသည်။ ကလေးများနှင့် လူကြီးများအား ကုသနိုင်သည့် ဆီးချိုရောဂါ အထူးကုဆရာဝန်များ ပါဝင်သော အဖွဲ့ရှိပြီး ထိုဆရာဝန်များသည် အာဟာရပညာရှင်များ၊ ဆေးဝါးပညာရှင်များနှင့် ကာယပညာရှင်များ ပါဝင်သော ဆေးဘက်ဆိုင်ရာပညာရပ်စုံ အဖွဲ့၏ အစိတ်အပိုင်းဖြစ်ကာ လူနာတစ်ဦးချင်းစီအတွက် သီးသန့်ညှိယူထားသော စောင့်ရှောက်မှု ရရှိစေရန် သေချာစေပါသည်။
ဆီးချိုနှင့် ဇီဝကမ္မရောဂါ ကုသရေးဌာနသည် ဆီးချိုစတင်ချိန်ကာလ (Pre-diabetes) ကို ခွဲခြားသိရှိရန်၊ ဆီးချိုရောဂါ စတင်မဖြစ်ပွားအောင် တားဆီးရန်နှင့် ကိုယ်ဝန်ဆောင်ဆီးချို ရှိသော အမျိုးသမီးများအတွက် ကုသမှုဝန်ဆောင်များကို တစ်နေရာထဲတွင် အပြီးစုံရယူနိုင်သော ဝန်ဆောင်မှု ကို ပေးလျက်ရှိပါသည်။
ထို့အပြင် ရောဂါရှာဖွေတွေ့ရှိပါက လူနာသည် ဆီးချိုရောဂါကို ထိန်းချုပ်ရန် ဆေးဘက်ဆိုင်ရာ နှင့် နေထိုင်မှုပုံစံဆိုင်ရာ နှစ်မျိုးလုံး၏ စောင့်ရှောက်မှု ကို ရရှိပါသည်။ ဆီးချိုရောဂါ၏ နောက်ဆက်တွဲပြဿနာများနှင့် သွေးတိုး၊ သွေးတွင်းအဆီများခြင်းနှင့် နှလုံးသွေးကြောရောဂါ ကဲ့သို့သော အခြားဆက်စပ်ရောဂါများ မဖြစ်ပွားစေရန် ကိုယ်အလေးချိန်လျှော့ချရေးအစီအစဉ် လည်း ပါဝင်ပါသည်။
အဆိုပါဌာနသည် ဆီးချိုရောဂါမှဖြစ်သော နောက်ဆက်တွဲရောဂါများ ဖြစ်သည့် သွေးကြောရောဂါ၊ အနာဒဏ်ရာကုသမှု၊ အာရုံကြောရောဂါ နှင့် သွေးကြောခွဲစိတ်ကုသမှု များကိုလည်း ကုသပေးပါသည်။ ထို့အပြင် နှစ်စဉ်ဆီးချိုရောဂါ ပုံမှန်စစ်ဆေးမှု နှင့် အခြားသော ဟော်မုန်းရောဂါများ ရှာဖွေဖော်ထုတ်ခြင်းနှင့် ကုသမှု ကိုလည်း ဆောင်ရွက်ပေးပါသည်။
ဆရာဝန်များနှင့် အထူးကုပညာရှင်များအဖွဲ့၏ ခိုင်လုံသောသိပ္ပံနည်းကျကုထုံးများနှင့် အရည်အသွေးမြင့် ဝန်ဆောင်မှုများဖြင့် ပါရာမ် ၉ ဆေးရုံကြီး၏ ဆီးချိုနှင့် ဇီဝကမ္မရောဂါ ကုသရေးဌာနသည် လူနာများအား ပိုမိုကောင်းမွန်သော ဘဝအရည်အသွေးဖြင့် နေထိုင်နိုင်စေရန်နှင့် ဆီးချိုရောဂါနှင့်ပတ်သက်ပြီး လူနာများ၏ သဘောထားများနှင့် အပြုအမူများကို ပြောင်းလဲနိုင်စေရန် အာမခံချက်ပေးနိုင်သောကြောင့် ယုံကြည်အားထားမှုကို ရရှိထားပါသည်။
ဆီးချိုနှင့် ဇီဝကမ္မရောဂါ ကုသရေးစင်တာ၊ ၃ လွှာ၊ အဆောက်အဦ A၊ ပါရာမ် ၉ ဆေးရုံကြီး
ဌာနရှိ ဆရာဝန်များအားလုံး
အားလုံးကြည့်ရန်
Report to JCI on issues related to patient safety.
If you would like to share your comments or suggestions, please email us at [email protected].
Copyright © 2024 All Rights Reserved | Praram 9 Hospital