
နေ့စဉ် နံနက် ၀၇:၀၀ နာရီမှ ည ၂၀:၀၀ နာရီအထိ ဖွင့်လှစ်ထားပါသည်။
ဗီဒီယိုခေါ်ဆိုမှု (Telemedicine) မှတစ်ဆင့် ဆရာဝန်များနှင့် ဗီဒီယိုဖြင့် တိုင်ပင်ခြင်း၊

Video Consultation with Praram 9 V
Video Constulation with Doctor at Anytime, Anywhere via PRARAM 9 V
Praram 9 Hospital
နေ့စဉ် နံနက် ၀၇:၀၀ နာရီမှ ည ၂၀:၀၀ နာရီအထိ ဖွင့်လှစ်ထားပါသည်။
ပါရာနိုင်း ဆေးရုံရှိ ခွဲစိတ်ကုသရေးဌာနတွင် အထူးကျွမ်းကျင်သော သမားတော်များ၊ ခေတ်မီနည်းပညာကုသရေးရာနှင့် နိုင်ငံတကာစံချိန်မီဘေးကင်းရေးစနစ်များနဲ့အတူ ကုသပေးလျှက်ရှိပါသည်။ လူတစ်ဦးချင်းဆီတိုင်းနဲ့ကိုက်ညီသော စနစ်တကျကုသစောင့်ရှောက်မှုနှင့် ကုသမှုလုပ်ငန်းစဉ်တလျှောက် ယုံကြည်မှုကိုတည်ဆောက်စေပါသည်။
ခေတ်မီနည်းပညာဖြင့်ခွဲစိတ်ကုသရာတွင် ဒဏ်ယာသေးငယ်ခြင်း၊ နာကြင်မှုနည်းခြင်း၊ နာလန်ပြန်ထနိုင်မှုမြန်ဆန်ခြင်းနှင့် နေ့စဉ်လှုပ်ရှားသွားလာမှုကို အမြန်ဆုံးပြန်လည်လုပ်ဆောင်နိုင်စေသည်။ ခေတ်မီနည်းပညာဖြင့် တစ်ဦးချင်းစီအတွက် အသင့်တော်ဆုံးပြင်ဆင်ပေးထားသောကြောင့် ခွဲစိတ်ရေးရာအပေါ်မှာ စိုးရိမ်ပူပန်မှုမရှိစေတော့ဘဲ ခွဲစိတ်ရေးရာအတွက်ကို ယုံကြည်စိတ်ချထားနိုင်ပါသည်။
နည်းပညာသစ်ဖြင့်ခွဲစိတ်ရာတွင် ဒဏ်ရာအနာသည် 1 မီလီမီတာမျှတောင်မရှိသောကြောင့် ရောင်ရမ်းခြင်းနှင့် နာကြင်ခြင်းနည်းပါးပါသည်။ ရိုးရိုးခွဲစိတ်ခြင်းထက် မြန်ဆန်စွာသက်သာခြင်း၊ ဆေးရုံတက်တဲ့ရက်တိုတောင်းခြင်းနှင့် နေ့စဉ်ပုံမှန်နေထိုင်ခြင်းသို့ အမြန်ဆုံးပြန်လုပ်ဆောင်နိုင်ပါသည်။ အမာရွတ်ဒဏ်ရာသေးသောကြောင့်ဂရုစိုက်ရတာလွယ်ကူမှုရှိစေပြီးအလှမပျက်သောကြောင့် ယုံကြည်မှုကို ပိုတည်ဆောက်ပေးပါတယ်။

laparoscopic ခွဲစိတ်မှုအတွက် တီထွင်ထားသော ဤအဆင့်မြင့်ခွဲစိတ်မှုနည်းပညာသည် ရှုပ်ထွေးခက်ခဲမှုများကို ထိရောက်စွာကိုင်တွယ်ရန် ဒီဇိုင်းထုတ်ထားသည်။ ခွဲစိတ်ဆရာဝန်မှ console system မှတစ်ဆင့် ထိန်းချုပ်ထားပြီး အတွင်းပိုင်းအသေးစိတ်အချက်အလက်များကို ရှင်းရှင်းလင်းလင်းမြင်နိုင်စေရန် 3D magnified imaging ပါရှိသည်။ ဉာဏ်ရည်ထက်မြက်သော စက်ရုပ်လက်မောင်းသည် လူ့လက်ထက် ပိုမိုလွတ်လပ်ပြီး တိကျစွာရွေ့လျားကာ ရောက်ရှိရန်ခက်ခဲသောနေရာများသို့ တိကျစွာဝင်ရောက်နိုင်ခြင်း၊ ခွဲစိတ်မှုအတွင်း သွေးဆုံးရှုံးမှုကိုလည်း အနည်းဆုံးဖြစ်စေခြင်းနှင့် နောက်ဆက်တွဲပြဿနာများ၏အန္တရာယ်ကို သိသိသာသာလျှော့ချပေးပါသည်။ ၎င်းသည် ပိုမိုမြန်ဆန်စွာပြန်လည်ကောင်းမွန်လာစေပြီးကုသမှုဆိုင်ရာများစွာကိုလည်း လုပ်ဆောင်နိုင်ပါသည်။

Hyperbaric Oxygen Therapy (HBOT) သည် ခန္ဓာကိုယ်တစ်လျှောက်ရှိ တစ်ရှူးများသို့ ပို့ဆောင်ပေးသော အောက်ဆီဂျင်ပမာဏကို တိုးမြှင့်ပေးပြီး ဆဲလ်တစ်ရှူးများ၏စနစ်ကို ပြန်လည်ကောင်းမွန်လာစေရန် အကျိုးထိရောက်မှုကို မြှင့်တင်ပေးသည့် ကုသရေးရာတစ်ခုဖြစ်သည်။
ဤကုထုံး (hyperbaric chamber) မှာ လေဖိအားအမြင့်နှုန်းဖြစ်သောကြောင့် ကုသမှုခံယူသောသူသည် ၁၀၀% သန့်စင်သောအောက်ဆီဂျင်ကို ရှူရှိုက်ရပါမည်။ ပုံမှန်လေဖိအားထက်မြင့်သောကြောင့် ခန္ဓာကိုယ်အား ပုံမှန်အောက်ဆီဂျင်ရှူရှိုက်ခြင်းထက် အောက်ဆီဂျင်ဓာတ်ကို ပိုမိုမြင့်မားစွာ ရရှိစေပါသည်။
ပါရာ(နိုင်း) ဆေးရုံတွင် monoplace (လူနာတစ်ဦးတည်းသုံး) အခန်းဖြစ်သည့် Sechrist 4100H Monoplace Hyperbaric Chamber ကို အသုံးပြု၍ hyperbaric oxygen ကုထုံးကို ကုသမှုပေးပါသည်။ အရွယ်အစားမှာအလွန်ကျယ်ဝန်းပါသည်။ အတွင်းပိုင်းတွင် အချင်း ၄၁ လက်မ (၁၀၄ စင်တီမီတာ) ရှိသောကြောင့် ကုသမှုခံယူနေစဉ်အတွင်း လူနာ၏စိုးရိမ်ပူပန်မှုကို လျှော့ချပေးပြီး အလေးချိန်ပေါင် ၇၀၀ အထိလက်ခံနိုင်ပါသည်။
ခွဲစိတ်ကုသရေးဌာန၊ ၃ လွှာ၊ အဆောက်အဦ A၊ ရာမ ၉ ဆေးရုံ
နေ့စဉ် နံနက် ၀၇:၀၀ နာရီမှ ည ၂၀:၀၀ နာရီအထိ ဖွင့်လှစ်ထားပါသည်။
ဌာနရှိ ဆရာဝန်များအားလုံး
အားလုံးကြည့်ရန်
Report to JCI on issues related to patient safety.
If you would like to share your comments or suggestions, please email us at [email protected].
Copyright © 2024 All Rights Reserved | Praram 9 Hospital