
နေ့စဉ် နံနက် ၈:၀၀ နာရီမှ ည ၈:၀၀ နာရီအထိ ဖွင့်လှစ်ပါသည်။
ဗီဒီယိုခေါ်ဆိုမှု (Telemedicine) မှတစ်ဆင့် ဆရာဝန်များနှင့် ဗီဒီယိုဖြင့် တိုင်ပင်ခြင်း၊

Video Consultation with Praram 9 V
Video Constulation with Doctor at Anytime, Anywhere via PRARAM 9 V
Praram 9 Hospital
နေ့စဉ် နံနက် ၈:၀၀ နာရီမှ ည ၈:၀၀ နာရီအထိ ဖွင့်လှစ်ပါသည်။
နာကျင်မှုဝေဒနာ ကုသရေးနှင့် ကြံ့ခိုင်မှုမြှင့်တင်ရေး အင်စတီကျူး (Fix & Fit) သည် နိုင်ငံတကာအဆင့်မီ ဘက်စုံသုံး နာကျင်မှုကုသရေး စံချိန်စံညွှန်းများနှင့်အညီ နိုင်ငံအတွင်း ထိပ်တန်းနှင့် နိုင်ငံတကာက အသိအမှတ်ပြုထားသော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ဖြင့် လူနာများ၏ ဝေဒနာများကို ဘက်စုံလွှမ်းခြုံ၍ လိုအပ်ချက်နှင့်အညီ တက်ကြွစွာ ပြုစုကုသပေးနေသည့် အင်စတီကျူးတစ်ခု ဖြစ်ပါသည်။ ယနေ့ခေတ် ပြည်သူများ အသက်အရွယ်အလိုက် ကြုံတွေ့ရလေ့ရှိသည့် နာတာရှည် နာကျင်မှုဝေဒနာများကို ကြိုတင်သိရှိ သတိပြုနိုင်ရန်၊ စောင့်ကြည့်ကာကွယ်နိုင်ရန်နှင့် ဘက်စုံစုံလင်စွာ ကုသမှုရရှိနိုင်ရန်အတွက် အသိပညာပေးခြင်းများကို အဓိကထား ဆောင်ရွက်ပေးလျက်ရှိပါသည်။ ကုသမှုအပိုင်းတွင် နောက်ဆုံးပေါ် ဆေးဘက်ဆိုင်ရာ နည်းပညာများကို အဓိကကုထုံးအဖြစ် အသုံးပြုသည့်အပြင် အသိအမှတ်ပြု ပေါင်းစပ်ဆေးပညာ (Alternative Medicine) ၏ ထူးခြားသော အားသာချက်များကိုပါ ပေါင်းစပ်ကုသပေးပါသည်။ ထိုသို့ ဆောင်ရွက်ပေးခြင်းဖြင့် ဝေဒနာများ ပြန်လည်ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ပြီး လူနာများအနေဖြင့် မိမိတို့၏ လုပ်ငန်းခွင်နှင့် နေ့စဉ်ဘဝသို့ ဘေးကင်းလုံခြုံစွာဖြင့် ယုံကြည်မှုအပြည့် ပြန်လည်ဝင်ရောက်နိုင်မည် ဖြစ်ပါသည်။

အော့ဖစ်ဆင်းဒရုန်း (Office Syndrome) ကြောင့် ဖြစ်ပွားသော နာကျင်မှုဝေဒနာများ၏ မူလရင်းမြစ် အကြောင်းအရင်းကို တိုက်ရိုက်ဖြေရှင်းပေးသည့်အပြင် နေထိုင်မှုပုံစံ အလေ့အထများကိုပါ ပြုပြင်ပြောင်းလဲပေးခြင်းဖြင့် ပြုစုကုသပေးပါသည်။ ဤကုသမှုတွင် ဆေးဝါးသုံးစွဲရန် မလိုအပ်သည့် ဘဝအရည်အသွေး မြှင့်တင်ရေး အစီအစဉ်တစ်ခုဖြစ်သော "The Transformer Program" အောက်တွင် ဆောင်ရွက်ပေးလျက်ရှိပြီး နာတာရှည် နာကျင်မှု ဝေဒနာ ခံစားနေရသူများ သို့မဟုတ် ဝေဒနာ ပြင်းထန်သူများအတွက် အထူးသင့်လျော်ပါသည်။

ကုသမှု ကြာချိန်ကို လျော့စေပြီး ကုသခြင်းရလဒ်အကျိုးထိရောက်ခြင်းကို ပိုမိုမြင့်မားစေရန်အတွက် အဆင့် (၃) ဆင့်ဖြင့် တစ်ပြိုင်တည်း ပေါင်းစပ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
၁။ ခန္ဓာကိုယ် စစ်ဆေးခြင်း – လူနာတစ်ဦးချင်းစီနှင့် ကိုက်ညီမည့် သီးသန့် ကုသမှုအစီအစဉ် ရေးဆွဲနိုင်ရန်အတွက် ခန္ဓာကိုယ်၏ ကြံ့ခိုင်မှု၊ ခွန်အား၊ ကိုယ်ဟန်အမူအရာနှင့် တည်ဆောက်ပုံ အခြေခံတို့ကို စစ်ဆေးဆန်းစစ်ပေးပါသည်။
၂။ နာကျင်မှုဝေဒနာ ကုသဖြေရှင်းခြင်း (The FIX) – နာကျင်မှုဝေဒနာများကို သက်သာစေရန်နှင့် ခန္ဓာကိုယ်ဆိုင်ရာ ပြဿနာများကို ပြုပြင်ဖြေရှင်းပေးနိုင်ရန်အတွက် ရူပဗေဒ ကုထုံးသုံး ကိရိယာများ၊ ထိုင်းရိုးရာ နှိပ်နယ်ကုသမှုနှင့် အပ်စိုက်ကုသမှုတို့ကို သင့်တော်သလို အသုံးပြုပေးပါသည်။
၃။ ပြန်လည်သန်စွမ်းရေးနှင့် ကြံ့ခိုင်မှု မြှင့်တင်ခြင်း (The FIT) – ခန္ဓာကိုယ် ညီမျှခြေကို ပြန်လည်ညှိပေးပြီး နာကျင်မှုဝေဒနာ ပြန်လည်မဖြစ်ပွားအောင် ကာကွယ်နိုင်ရန်အတွက် ရေကူးကန်၊ အားကစားခန်းမ (Gym) သို့မဟုတ် ယောဂကျင့်ခန်းတို့တွင် ကိုယ်လက်လှုပ်ရှားမှုနှင့် လေ့ကျင့်ခန်းများဖြင့် ပြုလုပ်ပေးပါသည်။
ဆရာဝန်အနေဖြင့် လူနာတစ်ဦးချင်းစီ၏ လိုအပ်ချက်အလိုက် အာဟာရ ပြုစုစောင့်ရှောက်မှု၊ ဗီတာမင်ဖြည့်စွက်မှုနှင့် တစ်ကိုယ်လုံး အေးခဲကုထုံး Whole Body Cryotherapy (Ice Lab) ကဲ့သို့သော ဖြည့်စွက်ကုထုံးများကို ထည့်သွင်းစဉ်းစားပေးပါသည်။၎င်းကုထုံးသည် အထွေထွေ ကျန်းမာရေးကို မြှင့်တင်ပေးသည့်အပြင် နာတာရှည် နာကျင်မှုဝေဒနာများကို သက်သာစေပြီး အချို့လူနာများအတွက် စိတ်ဖိစီးမှု သက်သာစေခြင်းနှင့် အိပ်စက်မှု အရည်အသွေး ပိုမိုကောင်းမွန်လာစေခြင်းတို့တွင် အထောက်အကူပြုပါသည်။


ကျန်းမာရေးလေ့ကျင့်ခန်း လုပ်ဆောင်ခြင်းနှင့် အားကစားပြုလုပ်ခြင်းတို့ကြောင့် ဖြစ်ပွားသော ထိခိုက်ဒဏ်ရာများကို အားကစားဆေးပညာဆိုင်ရာ ကျွမ်းကျင်သူအဖွဲ့က စနစ်တကျ ကုသပေးပါသည်။ ရုတ်တရက်ဖြစ်ပွားသည့် ဒဏ်ရာများနှင့် နာတာရှည်ဒဏ်ရာများအတွက် တစ်ဦးချင်းစီနှင့် ကိုက်ညီမည့် ကုသမှုနှင့် ကြံ့ခိုင်မှု ပြန်လည်မြှင့်တင်ရေး အစီအစဉ်များကို ရေးဆွဲပေးပြီး၊ ခန္ဓာကိုယ် ပြန်လည်သန်မာလာစေရန်နှင့် စိတ်ချလက်ချ ယုံကြည်မှုရှိရှိ အားကစား ပြန်လည်လုပ်ဆောင်နိုင်စေရန် ကူညီစောင့်ရှောက်ပေးပါသည်။
၁။ ရုတ်တရက်ဖြစ်ပွားသည့် ထိခိုက်ဒဏ်ရာများ
"Back to the Match" အစီအစဉ်သည် ဝေဒနာများကို လျှော့ချပေးပြီး ထိခိုက်ဒဏ်ရာရထားသော တစ်ရှူးများ ပြန်လည်ကျန်းမာလာစေရန် အဓိကထား ကူညီပေးပါသည်။ ယင်းအပြင် အားကစားလေ့ကျင့်ရေး ရေကူးကန် (ธาราบำบัด)၊ လေ့ကျင့်ခန်းလုပ်ရန် ရုံ (Gym) နှင့် ထိခိုက်ထားသော ခန္ဓာကိုယ်အစိတ်အပိုင်းများ၏ စွမ်းဆောင်ရည်ကို စစ်ဆေးသည့် စက်ကိရိယာများ (Isokinetic) အပါအဝင် ပြည့်စုံသော လေ့ကျင့်ရေး ကိရိယာများ ပါဝင်သဖြင့် အားကစားပွဲစဉ်များသို့ မဝင်ရောက်မီ ခန္ဓာကိုယ်၏ အဆင်သင့်ဖြစ်မှုကို သေချာစွာ စစ်ဆေးဆန်းစစ်ပေးနိုင်ပါသည်။


၂။ နာတာရှည် ထိခိုက်ဒဏ်ရာများ
"Staying Champion" အစီအစဉ်သည် ခန္ဓာကိုယ်ကို ထပ်ခါတလဲလဲ အလွန်အကျွံ အသုံးပြုခြင်း သို့မဟုတ် ပြင်းထန်စွာ လေ့ကျင့်ခန်းလုပ်ခြင်းတို့ကြောင့် ဖြစ်ပွားတတ်သော ထိခိုက်ဒဏ်ရာများကို စောင့်ရှောက်ကုသပေးပါသည်။ ထိုသို့သော ဒဏ်ရာမျိုးကို ထိပ်တန်း အားကစားသမားများနှင့် အားကစား ပြင်းပြင်းထန်ထန် ပြုလုပ်လေ့ရှိသူများတွင် မကြာခဏ တွေ့ရလေ့ရှိပြီး ကုသစောင့်ရှောက်မှု အဆင့်ဆင့်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ထို့ပြင် အမေရိကနှင့် ဥရောပရှိ ကမ္ဘာ့ထိပ်တန်း အားကစားသမား အများအပြား အသုံးပြုလျက်ရှိသည့် အပူချိန် -၁၁၀ ဒီဂရီ စဲလ်စီးယပ်စ် ရှိသော အေးခဲခန်း (Ice Lab သို့မဟုတ် Sub-Zero Treatment သို့မဟုတ် Whole Body Cryotherapy) ဖြင့် ခန္ဓာကိုယ်၏ အင်္ဂါရပ်စနစ်များကို လှုံ့ဆော်ပေးကာ ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါသည်။ ယင်းနည်းလမ်းသည် ပြိုင်ပွဲများအပြီးတွင် နာကျင်မှုကို လျှော့ချပေးခြင်း၊ မောပန်းနွမ်းနယ်မှုကို သက်သာစေခြင်း၊ ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်လာမှုကို မြန်ဆန်စေခြင်းနှင့် ခန္ဓာကိုယ်၏ စွမ်းဆောင်ရည်ကို တိုးတက်ကောင်းမွန်စေခြင်းတို့အတွက် အထောက်အကူပေးပါသည်။

"Move-Free and Healthy Life" အစီအစဉ်အောက်တွင် အဆစ်နာကျင်ခြင်း၊ အဆစ်တောင့်တင်းခြင်း သို့မဟုတ် အဆစ်လှုပ်ရှားရခက်ခဲခြင်း ဝေဒနာများကို စနစ်တကျ ပြည့်စုံစွာ ကုသစောင့်ရှောက်ပေးပါသည်။ ယင်းအစီအစဉ်သည် နာကျင်မှုကို လျှော့ချပေးရန်၊ လှုပ်ရှားဆောင်ရွက်နိုင်မှုကို ပြန်လည်ကောင်းမွန်လာစေရန်နှင့် သက်ကြီးရွယ်အိုများ၏ လူနေမှုဘဝ အရည်အသွေးကို မြှင့်တင်ပေးရန် ရည်ရွယ်ပါသည်။
ကုသရာတွင် တစ်ဦးချင်းစီနှင့် ကိုက်ညီမည့် နည်းလမ်းများကို ပေါင်းစပ်အသုံးပြုပေးပါသည် -



အလုပ်လုပ်ကိုင်သည့် အလေ့အထများ၊ နေ့စဉ်လူနေမှုဘဝပုံစံများ သို့မဟုတ် အသက်အရွယ်အရ ခန္ဓာကိုယ် ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ခန္ဓာကိုယ် ပုံစံနှင့် အရိုးအဆစ် တည်ဆောက်ပုံဆိုင်ရာ ပြဿနာများကို စောင့်ရှောက်ကုသပေးပါသည်။ ထိုသို့သော ပြဿနာများသည် ကိုယ်ဟန်မူရာ၊ လှုပ်ရှားသွားလာမှုနှင့် နာကျင်ကိုက်ခဲမှုများကို ဖြစ်ပေါ်စေနိုင်ပါသည်။
ခန္ဓာကိုယ် အရိုးအဆစ် တည်ဆောက်ပုံဆိုင်ရာ ကျွမ်းကျင်သူအဖွဲ့မှ ကိုယ်ဟန်မူရာ စစ်ဆေးဆန်းစစ်ခြင်း (Postural Analysis) ဝန်ဆောင်မှုကို ပေးအပ်ပြီး၊ ခန္ဓာကိုယ် ပုံစံနှင့် အရိုးအဆစ်ဆိုင်ရာ ပြဿနာများကို ပြုပြင်ကုသရန်နှင့် ဆွေးနွေးတိုင်ပင်ရန်အတွက် စနစ်တကျ ပြည့်စုံသော စောင့်ရှောက်ကုသမှု အစီအစဉ်များကို ရေးဆွဲပေးပါသည်။

ခန္ဓာကိုယ် ပုံစံနှင့် အရိုးအဆစ် တည်ဆောက်ပုံဆိုင်ရာ ပြဿနာများကို အဓိက အုပ်စု ၃ စု ခွဲခြားနိုင်ပါသည်။
၁။ မလျော်ကန်သော ကိုယ်ဟန်မူရာ (Poor Posture)
အရိုးအဆစ် တည်ဆောက်ပုံသည် ပုံမှန်ရှိနေသေးသော်လည်း ခန္ဓာကိုယ်ကို မလျော်ကန်သော ကိုယ်ဟန်မူရာဖြင့် အသုံးပြုသည့် အလေ့အထများကြောင့် ဖြစ်ပွားခြင်း ဖြစ်ပါသည်။ ယင်းကို ပြုပြင်ကုသခြင်း မရှိပါက ကြွက်သားများ ဟန်ချက်ညီမှု ပျက်ပြားသွားနိုင်ပြီး နောက်ဆက်တွဲအနေဖြင့် အရိုးအဆစ် တည်ဆောက်ပုံဆိုင်ရာ ပုံမှန်မဟုတ်သည့် ပြဿနာများ ဖြစ်ပေါ်လာနိုင်ပါသည်။
၂။ အရိုးအဆစ် တည်ဆောက်ပုံ လွဲချော်ပုံပျက်ခြင်း (Structural Deviation) သာဓကအားဖြင့် -
၂.၁ မတ်တပ်ရပ်မှ ခြေဖဝါးပြားသည့်ပြဿနာ (Flexible Flat Foot)
၂.၂ ခြေထောက်နှစ်ဖက် အရှည်မညီခြင်း (ဖြစ်ပွားရသည့် အကြောင်းအရင်း မသိရှိရသော ဖြစ်စဉ်နှင့် အကြောင်းအရင်း ရှိသော ဖြစ်စဉ် နှစ်မျိုးလုံး ပါဝင်သည်)
၂.၃ ၁၀ ဒီဂရီ ထက်မပိုသော ကျောရိုးဆစ် စောင်းခြင်း (Scoliosis)
၃။ အရိုးအဆစ် တည်ဆောက်ပုံဆိုင်ရာ ပုံမှန်မဟုတ်သည့် ဝေဒနာများ (Structural Abnormality)
မကြာခဏ တွေ့ရလေ့ရှိသော ဝေဒနာများမှာ ၁၀ ဒီဂရီထက်ပိုသော ကျောရိုးဆစ် စောင်းခြင်း (Scoliosis) နှင့် ကျောရိုးဆစ် ကုန်းခြင်း (Kyphosis) တို့ဖြစ်ပါသည်။ ရင်ဘတ်ပိုင်း အရိုးအဆစ်များတွင် ဖြစ်ပွားပါက ကုန်းသည့်ထောင့်သည် ၄၅ ဒီဂရီထက် ပိုများရပါမည်။

ခန္ဓာကိုယ် အရိုးအဆစ် တည်ဆောက်ပုံ ညှိယူပြုပြင်ရေး ဆေးခန်း၏ ကုသမှု မူဝါဒများသည် "Better Look Better Health" (ပိုမိုကြည့်ကောင်းပြီး ပိုမိုကျန်းမာစေရန်) ဟူသော ပန်းတိုင်ပေါ်တွင် အခြေခံထားပါသည်။ယင်းကုသမှုပုံစံတွင် -နာကျင်မှု ဝေဒနာများကို ရုပ်ပိုင်းဆိုင်ရာ ကုသမှုဆိုင်ရာ ကိရိယာများ (Physical Therapy Equipment) ဖြင့် ကုသပေးခြင်းဖြစ်ပွားရသည့် အဓိက အကြောင်းအရင်းကို အရိုးအဆစ် တည်ဆောက်ပုံ ပြန်လည်ညှိယူခြင်းဖြင့် ပြုပြင်ပေးခြင်း
ရောဂါ တိုးတက်ဆိုးရွားလာမှုကို တားဆီးရန် အားကစားဆေးပညာဆိုင်ရာ အထူးကုများမှ တစ်ဦးချင်းစီအတွက် သီးသန့် ရေးဆွဲပေးထားသည့် လေ့ကျင့်ခန်းများဖြင့် ကာကွယ်ပေးခြင်း
တို့ကို ပေါင်းစပ်ဆောင်ရွက်ပေးပါသည်။
Medical Gym ဆိုတာအားကစားဆေးပညာရှင်နှင့် ကာယကုထံကျွမ်းကျင်ဆရာဝန်ရဲ့ကြည့်ရှုမှုအောက်တွင်အားကစားပြုလုပ်ခြင်း နှင့် ခန္ဓာကိုယ်ပြန်လည်ပျိုးထောင်ခြင်း ခန္ဓာကိုယ်လှုပ်ရှားမှုများ နှင့်ခန္ဓာကိုယ်ကြံ့ခိုင်မှုကို မြှင့်တင်လိုသူများအတွက်ကိုနည်းလမ်းမှန်စွာအကြံပေးကုသပေးပါတယ်
Program များကိုလည် လူနာတွေရဲ့ ဖြစ်နေတဲ့ ကျန်းမာရေးပြဿနာ နှင့် နားကျင်မှုလိုအပ်ချက်ဆွေးနွေးပြီကိုက်ညီတဲ့program ရွေးချယ်ကုသပေးပါတယ် ကုသမှုလက်ခံရရှိပြီနောက်လည်နေ့စဉ်ဘဝကိုယုံကြည်မှုရှိရှိသွားလားလုပ်ရှားနိုင်ပါတယ်

ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်မှာနားကျင်ကိုက်ခဲမှုကုသချင်လို့၊ လေ့ကျင့်ခန်းပြန်လည်စတင်လုပ်ဖို့အတွက် ဒါမှမဟုတ် လူနာတွေရဲ့Target အလိုက်ကုသကိုက်ညီစေရန် Medical Gym မှ လူနာတွေရဲ့လိုက်ဖက်တဲ့ Program ကိုရွေးချယ်ပြီ လူနာတစ်ဦးတစ်ယာက်ချင်းရဲ့တိုးတက်မှုထိရောက်မှုတွေကိုတစ်ချိန်နဲ့တစ်ဖြေးညှီ စောင့်ကြည့်အကြံပြုပေးပါတယ်
ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်မှာနားကျင်ကိုက်ခဲမှုကုသချင်လို့၊ လေ့ကျင့်ခန်းပြန်လည်စတင်လုပ်ဖို့အတွက် ဒါမှမဟုတ် လူနာတွေရဲ့Target အလိုက်ကုသကိုက်ညီစေရန် Medical Gym မှ လူနာတွေရဲ့လိုက်ဖက်တဲ့ Program ကိုရွေးချယ်ပြီ လူနာတစ်ဦးတစ်ယာက်ချင်းရဲ့တိုးတက်မှုထိရောက်မှုတွေကိုတစ်ချိန်နဲ့တစ်ဖြေးညှီ စောင့်ကြည့်အကြံပြုပေးပါတယ်
Medical Gym ဆိုတာ နာကျင်မှုကုသရေးနှင့် သန်မာမှုမြှင့်တင်ရေးစင်တာ (Fix & Fit) ရဲ့အဓိကဆေးခန်းမှကုသပေးရတဲ့ ရော်ဂါလက္ခဏ (၄) ခုမှဆက်လက်ပြုစုစောင့်ရှောက်မှုရှိပြီ လိုအပ်သူများအပြင်၊ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို မြှင့်တင်လိုသူများအတွက်ပါ စနစ်တကျဝန်ဆောင်မှုပေးလျှင်ရှိပါတယ် လေ့ကျင့်ခန်းအစီအစဉ်များကို လူနာတစ်ဦးချင်းစီရဲ့ခန္ဓာကိုယ်အခြေအနေ၊ ကန့်သတ်ချက်များနှင့် ရည်မှန်းချက်များကိုကိုက်ညီအောင် သီးသန့်ရေးဆွဲပေးပါတယ်
ပြန်လည်လေ့ကျင့်ခန်း မစတင်မီတွင် ကစားသူတစ်ဦးချင်းစီအတွက် သင့်တော်သော လေ့ကျင့်ခန်းအစီအစဉ် ရေးဆွဲနိုင်ရန်နှင့် တိုးတက်မှုများကို စဉ်ဆက်မပြတ် စောင့်ကြည့်မှတ်တမ်းတင်နိုင်ရန်အတွက် အားကစားဆေးပညာဆိုင်ရာ ကျွမ်းကျင်သူများ (Sports Medicine Specialists) မှခန္ဓာကိုယ်အခြေအနေ၊ ကန့်သတ်ချက်များနှင့် ရည်မှန်းချက်များကို ကြိုတင်စစ်ဆေးဆန်းစစ် ပေးမည်ဖြစ်ပါသည်။
ဆွေးနွေးသုံးသပ်ပေးသော ဝန်ဆောင်မှုများ
စစ်ဆေးစမ်းသပ်မှုပြုလုပ်ခြင်းဟာ တစ်ဦးချင်းစီရဲ့ ရောဂါလက္ခဏာ၊ ခန္ဓာကိုယ် ကျန်းမာရေး အခြေအနေနှင့် ရည်မှန်းချက်များအပေါ် မူတည်၍ သင့်တော်သော် ကာယကုထုံးများရွေးချယ်နိုင်ရန်အတွက်ဖြစ်ပြီး တစ်ခြားမလိုသောလုပ်ဆောင်ချက်စစ်ဆေးမှု အားလုံးကို မပြုလုပ်စေရန်ဖြစ်ပါသည်။
Medical Gym တွင် အမျိုးမျိုးသော လေ့ကျင့်ခန်း ပုံစံများကို ပြုလုပ်နိုင်သည့် နေရာအကျယ်အဝန်းနှင့် စက်ပစ္စည်း ကိရိယာများ စုံလင်စွာ ရှိသောကြောင့် အားကစား ဆေးပညာ လေ့ကျင့်ရေး ပညာရှင်များ (Sports Medicine Specialists) အနေဖြင့် ဝန်ဆောင်မှု ရယူသူ တစ်ဦးချင်းစီ၏ ရောဂါလက္ခဏာ၊ ကြံ့ခိုင်မှု အခြေအနေနှင့် ရည်မှန်းချက်များနှင့် ကိုက်ညီသည့် လေ့ကျင့်ရေး နည်းလမ်းများ၊ အဆင့်များနှင့် သင့်တော်သော အစီအစဉ်များကို ရေးဆွဲ ဆောင်ရွက်ပေးလျက် ရှိပါသည်။
1.ခန္ဓာကိုယ် ခံနိုင်ရည်မြှင့်တင်စက်ပစ္စည်းများဖြင့် လေ့ကျင့်ပေးခြင်း (Weight Machine)
ဝန်ဆောင်မှု ရယူသူရဲ့ လုပ်ဆောင်နိုင်စွမ်းပေါ် မူတည်၍ ခံနိုင်ရည် အားစိုက်ထုတ်နှုန်းအဆင့်ကို လိုသလို သတ်မှတ်နှုန်းညှီယူလေ့ကျင့်နိုင်သောကြောင့် ကြွက်သားများ၏ သန်မာမှုနှင့် ဇောတိက အားထုတ်နိုင်စွမ်း (Strength & Endurance) ကို အဆင့်လိုက် စနစ်တကျ တိုးတက်ရန်အတွက် အထူးသင့်တော်ပါသည်။
2.အလွတ်အလေးချိန် ဝိတ်တုံးများဖြင့် လေ့ကျင့်ပေးခြင်း (Free Weights)
ဉပမာဖြင့် ဒမ်ဘဲလ် (Dumbbells) နှင့် အခြား ခံနိုင်ရည်သုံး လေ့ကျင့်ရေး ကိရိယာများကို အသုံးပြု၍ ကြွက်သား သန်မာမှု၊ ခန္ဓာကိုယ် ထိန်းချုပ်နိုင်စွမ်းနှင့် နေ့စဉ် လှုပ်ရှားဆောင်ရွက်မှုများ သို့မဟုတ် အားကစား ပြုလုပ်ရာတွင် လိုအပ်သည့် ခန္ဓာကိုယ် စဟန်ချက်ညီ လှုပ်ရှားနိုင်စွမ်းများကို တိုးတက်ကောင်းမွန်လာစေရန် လေ့ကျင့်ပေးနိုင်ပါသည်။
3.Reformer (Reformer Exercise) စက်ဖြင့်လေ့ကျင့်အားထုတ်ပေးခြင်း
Reformer စက်ပစ္စည်းသည် ခံနိုင်ရည် စိုက်အားနှင့် လှုပ်ရှားမှု ပုံစံများကို ဝန်ဆောင်မှု ရယူသူ တစ်ဦးချင်းစီ၏ လိုအပ်ချက်အလိုက် ပြုပြင် ပြောင်းလဲပေးနိုင်သောကြောင့် ကြွက်သား သန်မာမှု၊ လှုပ်ရှားမှု ထိန်းချုပ်နိုင်စွမ်း၊ ပျော့ပျောင်းမှု၊ ဟန်ချက်ထိန်းနိုင်စွမ်းနှင့် ကြွက်သားများ ဟန်ချက်ညီ ပူးပေါင်း လုပ်ဆောင်နိုင်စွမ်းတို့ကို တိုးတက် ကောင်းမွန်စေပါကြောင့် ဝန်ဆောင်မှု ရယူသူ၏ ရောဂါလက္ခဏာ၊ ခန္ဓာကိုယ် ကန့်သတ်ချက်များနှင့် ရည်မှန်းချက်များအပေါ် မူတည်၍ သင့်တော်သလို ရွေးချယ်ပြီး ဆေးဘက်ဆိုင်ရာ လေ့ကျင့်ခန်း အစီအစဉ်များ (Medical Exercise Program) တွင် ထည့်သွင်း ရေးဆွဲပေးပါသည်။
4. ခန္ဓာကိုယ် လှုပ်ရှားဆောင်ရွက်မှုဆိုင်ရာ လေ့ကျင့်ရေး နယ်မြေ (Functional Exercise Area)
လှုပ်ရှားမှုလေ့ကျင့်ဆောင်ရွက်မှုများ နှင့် အားကစား ပြုလုပ်ရာတွင် လိုအပ်သည့် ခန္ဓာကိုယ် လှုပ်ရှား ဆောင်ရွက်နိုင်စွမ်း (Functional Movement)၊ လှုပ်ရှားရ လွယ်ကူမှု (Mobility)၊ ဟန်ချက် ထိန်းနိုင်စွမ်း (Balance)၊ ခန္ဓာကိုယ် အစိတ်အပိုင်းများ ဟန်ချက်ညီ ပူးပေါင်း လုပ်ဆောင်နိုင်စွမ်း (Coordination) နှင့် ဆက်စပ် လှုပ်ရှားမှု ပုံစံများကို ထိရောက်စွာ လေ့ကျင့်ပေးခြင်း။
Medical Gym ဟာကိုက်ညီသောလေ့ကျင့်ခန်း ပြုလုပ်ခြင်းအကြံပြုမှုတစ်ခုတည်းမဟုတ်ဘဲ လူနာတစ်ဦးချင်းစီရဲ့ရည်မှန်းချက်များနှင့်အညီ ခန္ဓာကိုယ်၏လုပ်ဆောင်နိုင်စွမ်းများကို တိုးတက် ကောင်းမွန်လာစေရန် ကူညီ ပံ့ပိုးပေးခြင်း ဖြစ်ပါသည်။
Medical Gym တွင် ကြွက်သား သန်မာမှု၊ သွေးလှည့်ပတ်မှု စနစ်နှင့် ခန္ဓာကိုယ် ကြံ့ခိုင်မှုဆိုင်ရာ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးသည့် အပြင် ခန္ဓာကိုယ် ပြန်လည် သန်စွမ်းရေးအတွက် ထပ်အထောက်အကူပြုနိုင်သော အောက်ပါ ဆေးဘက်ဆိုင်ရာ ကုထုံးများလည်း ရှိပါသည်။


နာကျင်မှုဝေဒနာ ကုသရေးနှင့် ကြံ့ခိုင်မှုမြှင့်တင်ရေး အင်စတီကျူး (Fit & Fix)၊ ဖရမ် ၉ ဆေးရုံ၊ အဆောက်အအုံ B၊ ၁၁ လွှာ။
နေ့စဉ် နံနက် ၈:၀၀ နာရီမှ ည ၈:၀၀ နာရီအထိ ဖွင့်လှစ်ပါသည်။
ဌာနရှိ ဆရာဝန်များအားလုံး
အားလုံးကြည့်ရန်
Report to JCI on issues related to patient safety.
If you would like to share your comments or suggestions, please email us at [email protected].
Copyright © 2024 All Rights Reserved | Praram 9 Hospital