ကလေးအထူးကုဌာန

ကလေးအထူးကုဌာန

ဖွင့်ချိန်များ

ဖွင့်ချိန် - နေ့စဉ် မနက် ၇:၀၀ မှ ည ၈:၀၀ နာရီအထိ

ပါရာမ် ၉ ဆေးရုံ၏ ကလေးကျန်းမာရေးဌာနသည် အထွေထွေရော အထူးကုဆရာဝန်ကြီးများမှ သင့်ကလေး၏ ကျန်းမာရေးအတွက် အဆင့်မြင့် ဝန်ဆောင်မှုများကို ပေးစွမ်းပါသည်။ ကလေးများအတွက် ကာကွယ်ဆေးထိုးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများနှင့် ကလေးတွင် ကြုံတွေ့ရနိုင်သော ရောဂါအမျိုးမျိုးအတွက် ကုသမှုဝန်ဆောင်မှုများကိုလည်း ရရှိနိုင်ပါသည်။


ကျွန်ုပ်တို့သည် မွေးကင်းစမှ အသက် ၁၅ နှစ်အထိ ကလေးတိုင်းသည် ဘေးကင်းလုံခြုံသော ကျန်းမာရေးစောင့်ရှောက်မှုကို ရယူထိုက်သည်ဟု ယုံကြည်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အောက်ပါဝန်ဆောင်မှုများအပါအဝင် စုံလင်ပြည့်စုံသော စောင့်ရှောက်မှုကို ပေးစွမ်းပါသည် -


  • ကလေးအထွေထွေရောဂါများ
  • ကလေး အစာအိမ်နှင့်အူလမ်းကြောင်းရောဂါ အထူးကု
  • ကလေး နှလုံးရောဂါ အထူးကု
  • ကလေး ကင်ဆာရောဂါနှင့် သွေးရောဂါ အထူးကု
  • ကလေး ဟော်မုန်းရောဂါ အထူးကု
  • ကလေး အာရုံကြောရောဂါ အထူးကု
  • ကလေး ဓာတ်မတည့်ရောဂါနှင့် ကိုယ်ခံအားရောဂါ အထူးကု
  • ကလေး ဖွံ့ဖြိုးမှုနှင့် ပြုမူနေထိုင်မှုဆိုင်ရာ အထူးကု

လိပ်စာ

ကလေးကျန်းမာရေးဌာနာ၊ ပါရာမ် ၉ ဆေးရုံ၊ ပင်မအဆောက်အအုံ B၊ ၁၀ လွှာ


ဖွင့်ချိန်

နေ့စဉ် မနက် ၇:၀၀ မှ ည ၈:၀၀ နာရီအထိ

ဌာနရှိ ဆရာဝန်များ

ဌာနရှိ ဆရာဝန်များအားလုံး

ဆက်စပ်ကျန်းမာရေးဆောင်းပါးများ

အားလုံးကြည့်ရန်

အရေပြား ဓာတ်မတည့်မှု စစ်ဆေးခြင်း (Skin Test) - မည်သူများနှင့် သင့်တော်သနည်း၊ မည်သို့ ကူညီပေးနိုင်သနည်း

Skin Test သို့မဟုတ် ‘အရေပြား ဓာတ်မတည့်မှု စစ်ဆေးခြင်း’ ဆိုသည်မှာ ဖုန်မှုန့်၊ ပန်းဝတ်မှုန့်၊ တိရစ္ဆာန်အမွှေး၊ အစားအစာ သို့မဟုတ် ဓာတုပစ္စည်းအချို့ အပါအဝင် ခန္ဓာကိုယ်သည် မည်သည့် ဓာတ်မတည့်မှုဖြစ်စေသည့် ပစ္စည်းများနှင့် တုံ့ပြန်မှုရှိသည်ကို ဆန်းစစ်ရန် ဆရာဝန်များ အသုံးပြုသည့် နည်းလမ်းတစ်ခု ဖြစ်ပါသည်။ Skin Test ပြုလုပ်ခြင်းဖြင့် မိမိတွင် မည်သည့်အရာများနှင့် ဓာတ်မတည့်သည်ကို စစ်ဆေးသိရှိနိုင်မည်ဖြစ်ရာ ထိုလှုံ့ဆော်ပစ္စည်းများကို တိကျစွာ ရှောင်ရှားနိုင်ပြီး အန္တရာယ်ရှိသော ဓာတ်မတည့်မှု လက္ခဏာများ မဖြစ်ပွားအောင် ကာကွယ်တားဆီးနိုင်မည် ဖြစ်ပါသည်။

ပိုပြီးဖတ်ရန်